Part - {33}

784 159 12
                                    

T/N : မစခင်ပြင်မဲ့စာလုံးလေးတွေ အရင်ပြောပါရစေနော် (ဥမ္မာခင် ဝင်ပူးခံရပြီးကတည်းက မျောက်စိတ်ဖြစ်သွားတဲ့ ကိုယ်ပါပဲ)။

စွမ်းအားရှင် - မှော်စွမ်းအားရှင်

စွမ်းအားရှင်အဖွဲ့အစည်း/အသင်း - မှော်စွမ်းအားရှင်ဂိုဏ်း

ဘုရားသခင် - နတ်ဘုရား

***

ဂျန်အွန်ယောလ်က ကျွန်တော့်ကို ရယ်နေတယ်။ မူရင်းဗားရှင်းက လုံးဝရှုပ်ထွေးနေပြီဆိုတော့ ကျွန်တော် နောက်တစ်ကြိမ် ထပ်ရှုပ်ခိုင်းလိုက်ရမလား? သူ့ရဲ့ စောစော နိုးထလာတဲ့ စွမ်းအား ကျေးဇူးကြောင့် သူက အရမ်းအလားအလာကောင်းလာလိမ့်မယ်၊ အဲ့တာကြောင့် အခြားပြိုင်လုမဲ့သူမရှိခင် ဂီဟျွန်ဂျူးနဲ့ မိတ်ဆက်ပေးရရင် မဆိုးဘူး။

***

ဟျွန်ဂျူး ပျော်လိုက်တော့။

ကျွန်တော် အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်လိုက်တယ်။ မတိုင်မီက ကျွန်တော်မတော်တဆ တက်နင်းမိထားပေမဲ့ မအက်သွားဘူး။ ထင်တဲ့အတိုင်း ဆောင်းဝန်းက ထုတ်ကုန်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ ကျွန်တော်လေးစားမှုအပြည့်နဲ့ ဖုန်းကို ဖွင့်လိုက်တယ်။ မျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့အချိန်က မနက်လေးနာရီဖြစ်နေပြီ၊ ပြီးတော့ ကျွန်တော်ဂိတ်ပေါက်ထဲကို ဝင်ခဲ့တဲ့အချိန်က နေ့လည်လောက်ဆိုတော့ 16နာရီလောက်ရှိနေပြီ။

"အာရုဏ်တက်ချိန်တောင် ရောက်နေပြီ..."

ဂျန်အွန်ယောလ်က ကျွန်တော့်ဖုန်းကို ကြည့်ပြီး ပြောလာတယ်။ ကျွန်တော် patternနဲ့ ဖုန်းကို lockဖြေလိုက်တယ်။

"မင်းတွဲနေတဲ့ လူတော့ မရှိဘူးမလား?" ကျွန်တော် မေးလိုက်တော့။

"... ဟမ်? အာ၊ မရှိဘူး..."

ဂျန်အွန်ယောလ်ရဲ့ မျက်နှာက ရည်းစားမရှိတဲ့အတွက် ရှက်သွားပြီး နီရဲလာတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက် နည်းနည်း ပါနေတယ်...

ကျွန်တော်သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးတော့မယ်ဆိုတာ ရိပ်မိပုံပဲ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now