Part - {46}

515 94 1
                                    

ကျွန်တော်တို့ ကျောင်းကိုရောက်တော့ ကျောင်းဝင်ပေါက် အပြင်မှာ သတင်းထောက်တွေ စုပြုံနေတာပဲ။

ကြည့်ရတာ သူတို့တွေ ကျောင်းထဲကို ဝင်ချင်ပေမဲ့ ကျောင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကြောင့် ဝင်လို့မရဘူးတူပါတယ်။

“အဲ့ဒါ ဂီယွန်းဂျယ်ပဲ!”

ကျွန်တော်တို့ကားလည်း အနီးနားကို တဖြည်းဖြည်း ကပ်သွားတော့ ကျွန်တော် ထင်သလောက်ဆို သတင်းထောက်အုပ်ကြီး ဝိုင်းတာကို ခံရလောက်တယ်။ အခုချိန် အပြင်ထွက်လိုက်ရင် ပြဿနာဖြစ်လာမှာပဲ။

“သခင်လေး ဆင်းတော့မှာလား?”

“စိတ်မကောင်းပါဘူး၊ ဒီနေ့တော့ အဲ့လို မဆင်းသင့်လောက်ဘူး။ ကျောင်းထဲထိ ဝင်ပြီးမှ ဆင်းတော့မယ်။”

ပုံမှန်ဆိုရင် ကျွန်တော်တို့ ကျောင်းဝင်ပေါက်နား ရောက်တာနဲ့ ဆင်းပြီး လမ်းလျှောက်ဝင်သွားနေကြ၊ ဒါပေမဲ့ ဒီနေ့တော့ အဲဒီ့လို လုပ်လို့ မရလောက်ဘူး။ ကားဝင်လာမယ်ဆိုတာလည်း ကြားရော၊ ကျောင်းစောင့်တွေက ရှေ့ထွက်လာပြီး ဝင်ပေါက်ကို ဖွင့်ပေးတယ်။ ကျောင်းဝင်ပေါက်ကနေတဆင့် ကားပါကင်နေရာမှာ ဆင်းလိုက်ပြီး စာသင်ခန်းထဲကို သွားလိုက်တယ်။

ကျွန်တော် ဂျန်အွန်ယောလ်ကို တစ်ချက် စိတ်ပူလိုက်သေးပေမဲ့ ကျွန်တော်တို့နဲ့ ဂျောင်ရီဂျွန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ မပေါက်ကြားသွားဘူးလို့ ကြားထားတယ်။ အဲဒါကြောင့် သတင်းထောက်တွေက ဂျန်အွန်ယောလ်နောက်ကို မျက်ကန်းတွေလို မလိုက်လာလောက်ဘူး ထင်တာပဲ။

ကျွန်တော် စာသင်ခန်းထဲ ဝင်သွားလိုက်တော့ အရင်ရောက်နေတဲ့ ကျောင်းသားတစ်ချို့က မော့ကြည့်လာပြီး ကျွန်တော် ရောက်လာပြီ ဆိုတာကို အတည်ပြုလိုက်ကြတယ်။

“ငါ မနေ့က သတင်းမှာ တွေ့လိုက်တယ်။ အဲဒါ မင်းအကြောင်း မဟုတ်လား?”

“အရမ်း မိုက်တာပဲ။ ကွဲပြားတဲ့ သတ္တဝါတွေ…“

‘အဲဒီ့ကနေ ဆင့်ကဲဖြစ်လာမဲ့ အန္တရာယ်တွေများ ရှိနိုင်လား၊ ဒါမှမဟုတ် စိတ်ကူးယဥ်ဝတ္ထုလိုမျိုး သိပ္ပံနဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတွေကို ပေါင်းစပ်နိုင်လား?’ ဒီမေးခွန်းတွေက အမေးများပေမဲ့ ကျွန်တော့်မှာ အဖြေမရှိဘူး။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now