Part - {27}

747 168 10
                                    

ချိန်းကြိုးက ပြတ်တော့ မပြတ်သေးပေမဲ့ အနည်းငယ်တော့ ပဲ့ထွက်သွားပြီး တွန့်ကွေးနေပြီ။

"ဟေး! ငါနည်းနည်းလောက်ပဲ ထပ်ထုရမယ်ထင်တယ်! စောင့်အုန်း!"

"အား ဘယ်လိုတောင် ရူးတာလဲ..."

ယွန်းဂျယ်ပြောလိုက်တဲ့ စကားကြောင့် ရီဂျွန်းက သူ့ကို တားမရသလိုမျိုး အသံနိမ့်လေးနဲ့ တီးတိုးပြောလိုက်တယ်။ ယွန်းဂျယ်က နှုတ်ခမ်းဆူလိုက်ပြီး ချိန်းကြိုးကို ဆက်ထုနေလိုက်တယ်။

ဘယ်သူက ရူးတာလဲ? သူကဖြင့် ငါ့လက်ရေးကိုတောင် မမှတ်မိတာကို!

ဒီနှစ်ယောက်ကို ဘယ်သူက သော့ခတ်သွားတာလဲဆိုတာ ယွန်းဂျယ် သိသလိုလိုတော့ ရှိတယ်။ ဒီကျောင်းမှာ သူတို့သုံးယောက်ကို မလိုမုန်းထားစိတ် ရှိနေတာက လူတစ်ယောက်ပဲ ရှိတယ်။

သူ(ရီဂျွန်း)ကရော ဘာလို့ဒီလို ဖြစ်ကတက်ဆန်းနိုင်တဲ့ အကြံအစည်ထဲ ရောပါသွားရတာလဲတဲ့။

‌ဂျန်အွန်ယောလ်ကတော့ လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဂျောင်ရီဂျွန်းကိုတော့ မသိဘူး။ ဂျောင်ရီဂျွန်းက အမိုက်မဲလေးဆိုတာကို ရှင်းပြဖို့ နည်းလမ်းမရှိဘူး။

"ဘာလို့ မင်းက စွမ်းအားရှင်ဖြစ်ပြီး ဒီလိုအရာလေးကိုတောင် မဖျက်ဆီးနိုင်ရတာလဲ?"

"ဘာ? ဒီအဆောက်အဦက ပြိုကျတော့မလို ဖြစ်..."

"...အဲ့တာက ဘာကြီးလဲ?"

"ဟမ်?"

ရီဂျွန်းက ယွန်းဂျယ်ပြောလိုက်တဲ့ စကားကြောင့် ဒေါသထွက်သွားပေမဲ့ ဂျန်အွန်ယောလ်ရဲ့ စကားကြောင့် တိတ်သွားတယ်။ အထဲက လူနှစ်ယောက်က အဲ့ဒီ့အရာကို ဆက်ပြီးစူးစမ်းလိုက်တယ်။

"ဘာဖြစ်လို့လဲ? ဘာဖြစ်တာလဲ? ပိုးကောင်တစ်ကောင် ထွက်လာတာလား?"

"မဟုတ်ဘူး၊ အဲ့တာက..."

ရုတ်တရက် လေထုက အက်ကွဲလာပြီး အက်ကွဲကြောင်းတစ်ခုက ဘယ်ကနေမှန်းမသိ ပေါ်လာတယ်။ ဒါပေမဲ့ အခြေအနေကို သတိမထားနိုင်ပဲ နှစ်ယောက်သား ရှုပ်ထွေးတဲ့ မျက်နှာတွေနဲ့ အချင်းချင်း ကြည့်လိုက်ကြတယ်။ အဲ့ဒီ့နောက် ရုတ်တရက်ကြီး အက်ကွဲကြောင်းက ကြီးမားလာပြီး ရီဂျွန်းရဲ့ အော်သံနဲ့အတူ သူ့ကို အားကောင်းတဲ့ ဆွဲအားတစ်ခုက ဆွဲခေါ်သွားတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Tahanan ng mga kuwento. Tumuklas ngayon