Part - {19}

900 172 40
                                    

"မင်းအတွက် ခက်ခဲခဲ့မှာပဲ"

ကျွန်တော့် လက်မောင်းတွေကြားထဲမှာ နစ်မြုပ်နေတဲ့ ကလေးဆီကနေ ဘာအသံမှ မကြားရတော့ဘူး။

သူအိပ်ပျော်သွားပြီလား?

ဟဟျွန်ဆိုးကို မနှိုးမိအောင်လို့ တတ်နိုင်သလောက် ငြိမ်နေလိုက်တယ်။

တဖြည်းဖြည်းနဲ့ ကျွန်တော်လည်း အိပ်ပျော်သွားတယ်။

***
(ဟျွန်ဆိုး POV)

"မင်းအတွက် ခက်ခဲခဲ့မှာပဲ"

အဲ့ဒီ့စကားကို ကြားတာနဲ့ ကျွန်တော် နည်းနည်းတော့ စိတ်ထဲ ခံစားလိုက်ရတယ်။

ကျွန်တော် မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ အချိန်တုန်းက ငယ်သေးတယ်။ဒါပေမဲ့ အမေဖက်ကဦးလေးဆိုတဲ့ လူကြီးတစ်ယောက် ရောက်လာတယ်။ သူက အလုပ်မလုပ်ပေမဲ့ ကျွန်တော့်ဘဝက ခက်ခဲမနေဘူး။

သူ(ဦးလေး)က လောင်းကစားလုပ်လို့ ပိုက်ဆံကုန်ပေမဲ့ ကျွန်တော်တို့လိုသမျှ ငွေတွေအကုန် ထုတ်ပေးပြီး အငတ်လည်းမထား၊ နှိပ်စက်တာလည်း မရှိခဲ့ဘူး။ ဒါပေါ့၊ သူက ကောင်းမွန်လှတဲ့ အုပ်ထိန်းသူလို့ ပြောဖို့ကတော့ ခက်ပေမဲ့ သူ့လက်အောက်မှာ နေရတာ မဆိုးပါဘူး။

ကျွန်တော့်အမ အွန်ဆိုးက  အမြဲလိုလို စိတ်ပူနေတတ်တယ်။ ဒါပေမဲ့ သူမက ကျွန်တော့်ကို စောင့်ရှောက်ပေးရမှာမို့ ဘယ်တုန်းကမှ သူမရဲ့ ပြဿနာတွေကို မပြောပြခဲ့ဘူး။

အဲ့တာကြောင့် အမေဖက်ကဦးလေးက ပြဿနာမရှာခင်အထိ ကျွန်တော် ပုံမှန်ဘဝနဲ့ပဲ နေခဲ့ရတယ်လို့ ယူဆခဲ့တာ...

မိဘမဲ့ဂေဟာကို ဝင်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဘဝတွေက အရင်ကလို သက်တောင့်သက်သာ မရှိတော့ဘူး။ ဂေဟာကိုက ဆောင်းဝန်းက ထောက်ပံ့ပေးထားတော့ အရမ်းကြပ်တည်းနေတဲ့ အခြေအနေလည်း မဟုတ်ပေမဲ့ အရမ်းလည်း အလျှံပယ်ဖြစ်နေတာ မဟုတ်ဘူး။

သင်တစ်ယောက်ထဲ အပိုင်လို့ ပြောစရာမရှိလောက်တဲ့အထိ အရာအားလုံးကို မျှသုံးရတယ်။ အဲ့တာအပြင် ဂေဟာမှာရှိတဲ့ ကလေးတွေက လူသစ်တွေအပေါ်ကိုလည်း အနိုင်ကျင့်သေးတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now