Part - {6}

1K 191 6
                                    

ကျွန်တော် ရင်တုန်လာပြန်ပြီ။ အခုမှ တစ်ရက်ပဲ ရှိသေးတယ်။ မဟုတ်သေးဘူး။ တစ်ရက်တောင် မရှိသေးဘူး။ ဂီယွန်းဂျယ်ဖြစ်လာတာ နာရီပိုင်းလောက်ပဲ ရှိသေးတာ။

ဟိုဘုရားသခင်ကလည်း ကျွန်တော့်ကို အဖက်မလုပ်ဘူး။ သူသာ ကျွန်တော့်ကို ပေးမပြန်ရင် ဂီယွန်းဂျယ်အဖြစ်နဲ့ပဲ နေရတော့မှာ။

ကျွန်တော် မူလဂီယွန်းဂျယ်လိုမျိုး အသက် ၂၆နှစ်ထိတောင် နေနိုင်ပါ့မလား?

နေအုန်း။ ကျွန်တော် ဂီ‌ယွန်းဂျယ်မဟုတ်ဘူးဆိုတာ ပြောပြလိုက်ရင်ကော?

ကျွန်တော်က ကူးပြောင်းလာရပြီး ဂီယွန်းဂျယ်အစစ်မဟုတ်ပါဘူးလို့ ပြောပြလို့ မရဘူးလား။ အဲ့ဒါဆို လူတွေက ကျွန်တော် ပြန်သွားဖို့ နည်းလမ်းလည်း ဝိုင်းရှာပေးကြမယ်ထင်တယ်။ သူတို့က ဂီယွန်းဂျယ်ကို လိုအပ်တာလေ။ ကျွန်တော့်လို အသုံးမကျတဲ့ သူကိုမှ မဟုတ်တာ...

ကျွန်တော် စမ်းကြည့်သင့်လား...?

ဖြစ်ချင်တော့ ကျွန်တော်နဲ့ ဟဟျွန်ဆိုး နှစ်ယောက်ထဲ ရှိနေတာ။ သူက စွမ်းအားရှင်တွေကြားမှာ အငယ်ဆုံးလည်း ဖြစ်တဲ့အပြင် မူရင်းဝတ္ထုထဲမှာ ဂီယွန်းဂျယ်ကို သတ်ခဲ့ကြတုန်းက သူမပါဘူးလေ။

ဟဟျွန်ဆိုးရဲ့ အနက်ရောင်လဲ့နေတဲ့ မျက်လုံးတွေက ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်နေတယ်။ အခြားသူတွေကိုဆို မပြောတတ်ပေမဲ့ သူ့ကိုတော့ ပြောလို့ရနိုင်လား? သူတော့ ကျွန်တော့်အခြေအနေကို နားလည်ပေးလောက်မှာပါ။

မျှော်လင့်ချက်လေး ရောင်နီသန်းလာတာနဲ့အမျှ ကျွန်တော် ပြောပြဖို့ရာ သတ္တိမွေးလိုက်တယ်။

"ဟျွန်ဆိုး..."

"ဟုတ်ကဲ့ ကိုကို?"

"ငါက တကယ်တော့လေ..."

'ငါက ဂီယွန်းဂျယ်မဟုတ်ဘူး'လို့ မပြောရသေးခင်မှာပဲ။

[သတိပေးချက်]

[ဘုရားသခင်က 'ဖြစ်လာမည်အား ကြိုသိနိုင်ခြင်း' နဲ့ 'ရှေ့ရေးအမြော်အမြင်စီမံချက်'ကို ကစားသူထံ ချီးမြှင့်လိုက်ပါတယ်]

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now