Part - {23}

821 149 26
                                    

"...ငါ အိမ်ကို ဘယ်လိုပြန်ရမှာလဲ?"

ကျွန်တော် သွားလိုရာကို နေ့တိုင်း ကားမောင်းပို့ပေးကြတယ်လေ၊ ဆိုတော့ ကျွန်တော် ဘယ်လိုအသွားအပြန်လုပ်ရမလဲ၊ ဒါမှမဟုတ် ဘယ်ကိုလမ်းလျှောက်ရမလဲ မသိဘူး။ ဂီယွန်းဂျယ်ရဲ့ အိမ်လိပ်စာကိုတောင်မှ ကျွန်တော်မသိဘူး! ပုံမှန်ဆိုရင် ကျွန်တော် အိမ်ပြန်ချင်တယ်လို့ ပြောရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်တော် လုပ်ချင်တာတစ်ခုခုပဲဖြစ်ဖြစ် - ကျွန်တော့်ကို ‌အပြေး လာကူပေးမဲ့လူတွေ အများကြီးလေ။

သူတို့က ကျွန်တော့်ရဲ့ ဝေခွဲမရဖြစ်နေပုံကို ကြည့်နေပြီးတော့ ဂျောင်ရီဂျွန်းက အကြိမ်ရေအများကြီး စုပ်သပ်လိုက်သေးတယ်။

"မင်းက အရူးလား? ဒါရိုက်ဘာကို ဖုန်းခေါ်လိုက်လေ"

"..."

"... မင်းသူတို့ရဲ့ ဖုန်းနံပါတ် မသိဘူးလား?"

ဒီကောင်က အရူးလားဟ?

ဂျောင်ရီဂျွန်းက ကြောင်အ,သွားပြီး ရေရွတ်နေတယ်။ သူ ကျွန်တော့်ကို အရူးလို့ ယူဆနေတာကို နားလည်နေတဲ့အတွက် သူပြောတာကို နားထောင်နေဖို့ မလိုတော့ဘူး။

'ငါ? အရူး?'

ကျွန်တော် ဘာစကားကိုမှ ဆက်မကြားချင်တော့ဘူး။ ဂျောင်ရီဂျွန်းကို လျစ်လျူရှုပြီး သူနဲ့ဝေးရာကို သွားလိုက်တယ်။

ကျွန်တော် အိမ်ကို မပြန်နိုင်ရင်တောင်မှ ကျွန်တော် ကျောင်းမှာတော့ မနေချင်ဘူး။

"ဟေး! မင်းဘယ်သွားမို့လဲ!" ဂျောင်ရီဂျွန်းက ကျွန်တော့်နောက် ပြေးလိုက်ရင်း မေးနေပေမဲ့ ကျွန်တော် သတ္တိရှိရှိ လျစ်လျူရှုပစ်လိုက်တယ်။ သူလည်း အရင်က ကျွန်တော့်ကိုဆို လျစ်လျူရှုပြီး တစ်ကိုယ်ကောင်းဆန်ဆန် ပြုမူသေးတာပဲ၊ အဲ့ဒီ့တော့ ကျွန်တော် လက်တုံ့ပြန်နေတယ်ပေါ့။

သူ့အသက်ရှူသံက တဖြည်းဖြည်း မြန်လာပြီး ကျွန်တော့်အပြုအမူကို သဘောမကျကြောင်း ပြောနေသလိုပဲ။ ဒါပေမဲ့ ကျေးဇူးကြီးမားလှစွာပဲ သူလည်း အမှားလုပ်ထားမိကြောင်း သူ့ကိုယ်သူသိတော့ ဒေါသမထွက်လာဘူး။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now