Part - {29}

785 151 18
                                    

အနီရောင် မြူနှင်းအမှုန်အမွှားတွေက ဂျောင်ရီဂျွန်းရဲ့ကိုယ်ထဲကနေ ထွက်လာတယ်။ စွမ်းအားသုံးလိုက်တဲ့ ဂျောင်ရီဂျွန်းကျေးဇူးကြောင့် ကျွန်တော်တို့ ပြုတ်ကျနေတဲ့အရှိန်လည်း နှေးသွားတယ်။ ကျွန်တော်တို့နောက် လိုက်နေတဲ့ မကောင်းဆိုးဝါးကြံ့ကြီးကတော့ အောက်ပြုတ်နေရင်းကနေတောင် ရုန်းကန်နေသေးတယ်။

"ငါ! Iron Manအနေနဲ့! မဟုတ်သေးဘူး! ငါပျံလိုက်ရမလား?"(T/N : ကိုကြီးက နောက်နေတာ ಥ‿ಥ)

ဂျောင်ရီဂျွန်းရဲ့ လည်ပင်းကနေ သွေးကြောတွေ ထောင်ထနေပြီး သူ့စွမ်းအားတွေကို ထုတ်လွှတ်ထားတုန်းပဲ။ သူ့ခန္ဓာကိုယ်ကနေ ထုတ်လွှတ်ထားတဲ့ မြူနှင်းမှုန်က တစထက် တစရှည်မြောလာပြီး အမြင်အားဖြင့် မီတာလောက်အထိ ရှည်လျားနေပြီ။

ကောင်းကင်မှာ ပျံသန်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုပေမဲ့ ကျွန်တော်တို့ ပြုတ်ကျနေတဲ့ အရှိန်က ဒရမ်မာဆန်ဆန် ဖြည်းညှင်းသွားတယ်။ ဒီအကျိုးကျေးဇူးကြောင့်ပဲ ချောက်နက်ထဲက မြေပြင်ပေါ်ကို ငှက်မွှေးလေးလို ဆင်းနိုင်သွားတယ်။

"အာ့...!"

ကျွန်တော်တို့ ဆင်းလိုက်တဲ့ နေရာဘေးမှာ ဆိုးဆိုးရွားရွား ပုံပန်းသဏ္ဍာန် ပျက်စီးပြီး သေနေတဲ့ မကောင်းဆိုးဝါးကောင် ရှိနေတယ်။ သွေးနံ့ပြင်းပြင်းကို မခံနိုင်တော့တာကြောင့် ကျွန်တော် ခေါင်းလှည့်လိုက်တော့တယ်။ ဂျောင်ရီဂျွန်းသာ မရှိရင် ကျွန်တော်တို့လို ဒီလိုကံကြမ္မာမျိုးနဲ့ ကြုံနေရမှာ။

ကျွန်တော်သာ ကံကောင်းနေရင်တော့ ကျွန်တော်တို့ဘေးက မြစ်ထဲကို ကျသွားမှာပဲ၊ ကျွန်တော့်အသက်ကို ကယ်လိုက်တာပဲ...

ဒါပေမဲ့လည်း ကျွန်တော် တစ်ခုခု မကျိုးမပဲ့ပဲနဲ့ လွတ်သွားမှာတော့ မဟုတ်ဘူးပေါ့။

ကျွန်တော် ခေါင်းမော့ပြီး ကြည့်လိုက်တော့ ကျွန်တော့်တို့ ပြုတ်ကျလာတဲ့ ချောက်ကမ်းပါးရဲ့ မတ်စောက်လှတဲ့ အနားသတ်မျက်နှာပြင်ကိုပဲ မြင်ရတယ်။

"ငါတို့ဘယ်လို ပြန်တက်ကြမလဲ?"

စထွက်လာတဲ့နေရာမှာပဲ ကျန်တဲ့ အသင်းသားတွေကို စောင့်နေတာကမှ ပြန်တွေ့တဲ့အခါ ကျွန်တော်သိထားတဲ့ အချက်အလက်တွေ မျှဝေပေးနိုင်မှာ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now