Part - {40}

774 155 10
                                    

ကျွန်တော် အိပ်ရာပေါ်ကနေ ထလာလိုက်ပြီး အခန်းထဲက ထွက်လိုက်တော့ လမ်းတစ်လျှောက် လရောင်ပဲ ဖြာကျနေတယ်။

ဒီလမ်းက ကျွန်တော် သွားလာနေကြလမ်းဖြစ်တာမို့ သရဲလည်း မရှိသလို ကြောက်စရာအကြောင်းလည်း မရှိဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အာခံတွင်းထဲ လမ်းလျှောက်နေရသလို ခံစားရပြီး ခန္ဓာကိုယ်က တုန်ယင်သွားတယ်။

ကောဇောခင်းထားတဲ့ လမ်းတစ်လျှောက် လျှောက်လာရင်း ဂွမ်ဂျယ်ဟော့ရဲ့ အခန်းတံခါးရှေ့ ရောက်လာတဲ့အခါမှာတော့ တုန်ယင်နေတာက ပိုဆိုးလာတယ်။ တံခါးခေါက်ဖို့ လက်မြှောက်လိုက်တယ်။ တံခါးခေါက်လိုက်တဲ့ အားက တံခါးကို အနည်းငယ် လှစ်ဟသွားစေတယ်။ ကျွန်တော် တံတွေးမြိုချလိုက်တယ်။

"အာ"

ကျွန်တော့်နှလုံးက ပေါက်ကွဲထွက်တော့မလိုမျိုး ခုန်နေတယ်။ ဂွမ်ဂျယ်ဟော့က တံခါးသေချာ မပိတ်မိတဲ့ပုံပဲ။ သူက ပြတင်းပေါက်ဘောင်ပေါ်မှာ ထိုင်ပြီး အပြင်ဖက်ကို ငေးနေတာကို မြင်နေရပြီး ကျွန်တော်လည်း တုန်ယင်နေတဲ့ လက်နဲ့ တံခါးကို တွန်းဖွင့်လိုက်တယ်။

ဒီအခြေအနေက ဘာနဲ့တူလဲဆိုရင်... ကျွန်တော် သိပ်တော့ မမှတ်မိတော့ဘူး။

ကျွန်တော် ဝင်သင့်လား၊ မဝင်သင့်လားဆိုတာ တွေဝေနေရင်း ခဏလောက် တုံ့ဆိုင်းနေတယ်။

"ယွန်းဂျယ်၊ ဝင်လာခဲ့လေ"

ဂွမ်ဂျယ်ဟော့က ကျွန်တော့်ကို မကြည့်ဘဲ လှမ်းခေါ်လာတယ်။ အခုတော့ ကျွန်တော် လှည့်ပြေးဖို့လည်း ခက်သွားပြီး ကျွန်တော် အရင်က မလုပ်ခဲ့ဖူးတဲ့ အရာတစ်ခုခု လုပ်နေရသလို ဖြစ်လာတယ်၊ ကျွန်တော်လည်း သတိတကြီးနဲ့ အထဲ ဝင်လာလိုက်တယ်။ ကျွန်တော့်နောက်က တံခါးကလည်း ဒုတ်ဆိုတဲ့ အသံနဲ့အတူ ပိတ်သွားတယ်။

အခုထိ အပြင်ဖက်ကိုပဲ ငေးကြည့်နေသေးတဲ့ ဂွမ်ဂျယ်ဟော့က အတွေးများနေ‌သလား၊ ဒါမှမဟုတ် အမှတ်တရတွေထဲ ပြန်မျောနေသလားပဲ။

ဒီအချိန်အတောအတွင်းကို အခြေအနေက လုံးဝ အန္တရာယ်များနေသလိုပဲ။ ဂွမ်ဂျယ်ဟော့က သူ့နောက်မှာ လက်ဆောင်ဖွက်ထားမဲ့ ဆန်တာကလော့စ်ဖြစ်မလား၊ ဓားဝှက်ထားတဲ့ ရန်သူဖြစ်မလား? ကျွန်တော် တကယ်ပဲ သိရဖို့ လိုလို့လား? ကျွန်တော့်အလိုလိုသိစိတ်ကလည်း သတိပေးတဲ့ ခေါင်းလောင်းတွေပဲ မြည်နေပြီး တစ်ခုခုက မှားနေကြောင်း အသိပေးနေတယ်။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now