ဇာတ်ကောင်မိတ်ဆက် ~

4.4K 248 9
                                    

ဂီယွန်းဂျယ် (အဓိကဇာတ်ကောင်) - ဆောင်း၀န်းစွမ်းအားရှင်များအသင်းကြီးရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး မူရင်း၀တ္ထုထဲမှာ ဆယ်နှစ်ကြာပြီးနောက် အသင်း၀င်စွမ်းအားရှင်တစ်ယောက်ဆီမှာ အသတ်ခံရမယ့် ဗီလိန်ဇာတ်ကောင်။ သူက အသင်းကြီးထဲမှာ တစ်ဦးတည်းသော စွမ်းအားမဲ့သူဖြစ်ပြီး စွမ်းအားရှင်တွေကြားထဲ ရှင်သန်ရမဲ့သူ။

ဂွမ်ဂျယ်ဟော့ - 'ဆောင်း၀န်းစွမ်းအားရှင်များအသင်းကြီး'မှာ အရည်အချင်းရှိတဲ့ အသင်း၀င်တစ်ယောက်။ မူရင်း၀တ္ထုထဲမှာတော့ ဂီယွန်းဂျယ်နဲ့ အရင်းနှီးဆုံး လူတစ်ယောက်ဖြစ်ပြီး ထင်ရှားတဲ့ အပြုံးလေးရှိသူ။ (T/N : လက်ရှိမှာ ရုပ်တည်ကြီးနဲ့ ကိုကြီးချေချေ >.<)

ဂျန်အွန်ယော(လ်) - မူရင်း၀တ္ထုထဲက အဓိကဇာတ်ကောင်။ သူနဲ့ ယွန်းဂျယ်နဲ့က အတန်းဖော်တွေ ဖြစ်ခဲ့တယ်။ သူကတော့ အရမ်းခင်မင်တတ်ပြီး ရိုးသားတယ်။ (T/N : သူ့ကိုတော့ မသိသေးလို့ ကိုကြီးအမည်မသိ ^^)

ဂျောင်ရီဂျွန်း - 'ဆောင်း၀န်းစွမ်းအားရှင်များအသင်းကြီး'မှာ အရည်အချင်းရှိတဲ့ အသင်း၀င်တစ်ယောက်။ သူ့ရဲ့ ခုခံရေးစွမ်းအားကြောင့် ယွန်းဂျယ်နဲ့ အမြဲအတူရှိနေတတ်တယ်။ သူက တော်တော်လေးကို ယဥ်ကျေးမှုမရှိတဲ့အပြင် ဆတ်ဆတ်ထိမခံတဲ့ ဗီဇလည်းရှိသေးတယ်။ (T/N : ဇီဇာကြောင်တဲ့ ကိုကြီးအရိုင်းအစိုင်း >.<)

ဟဟျွန်ဆိုး - 'ဆောင်း၀န်းစွမ်းအားရှင်များအသင်းကြီး'မှာ အရည်အချင်းရှိတဲ့ အသင်း၀င်တစ်ယောက်။ သူကတော့ ယွန်းဂျယ်ကို သူ့ရဲ့ အစ်ကိုကြီးလို သဘောထားပြီး ယွန်းဂျယ်နောက် လိုက်လေ့ရှိတယ်။ တစ်ခါတစ်ရံ သူ့ရဲ့ စွဲလန်းတတ်တဲ့ အခြမ်းကို မြင်ရတတ်တယ်။ (T/N : ယွန်းဂျယ်ကို စွဲလန်းပြီး အနောက်ကနေ တစ်ကောက်ကောက်လိုက်တဲ့ ခွေးပေါက်အူကြူးလေး >.<)

August 12, 2021

Translator's Note : ဘာသာပြန်မမကြီးက ဒီလောက်ပဲ ရေးပြထားတာ။ အွန်းပေါ့ဗျာ ကျန်တာက အမြှောက်စာဇာတ်ကောင်တွေ ဆိုတော့လည်း။ ယွန်းဂျယ်က 4ယောက်တောင် ရတာတော့ အားကျ အားကျ** အီဗန်တို့ E-Tranတွေကလည်း Copyrightနဲ့ ညှိနေကြတာလား မသိဘူးဗျာ။ တင်တဲ့ websiteတွေ တက်နေကြတယ်။ Cry cry **

Thanks for reading ~

By Ophelia ♡。

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Unicode)Where stories live. Discover now