Cha-25

8.4K 1.6K 42
                                    

[Unicode]

​ဟော်ချွီမှာ သူ့​ခေါင်းကြီးတခုလုံး ​ပေါက်ကွဲထွက်တော့မလို ခံစား​နေရ၏။

​​ပြီးရင် သူ့ရင်ဘတ်ထဲ အလွန်ကြီးမားတဲ့ ဗုံကြီးတလုံးသွတ်သွင်းထားသလိုခံစား​နေရပြီး မြည်ဟိန်းနေတဲ့အသံမှာသူ့နှလုံးသားအားလည်မျိုထဲက​နေ ခုန်ထွက်​လာစေလုမတတ်ပင်။

ဘာကဘာဆိုတာမသိလိုက်ခင်မှာပဲ သူ့ခန္ဓာကိုယ်မှသူ့အတွက်တုံ့ပြန်မှု​​​တွေတောင်လုပ်​​​နှင့်နေလေပြီ။သူဟာ လက်​တွေ​ကော​ခြေ​တွေ​ပါသုံးလို့ စောင်ကိုဆတ်ခနဲဆွဲဖယ်ပစ်ရင်း အိပ်ရာ​​ပေါ်က​​​​နေငေါက်ခနဲဆင်းချလာ၏။

"ဘာ​တွေဖြစ်​နေတာလဲ?"

ယွီချင့်ဟွမ်မှာ ညအိပ်မီးကိုဖွင့်ရန် လက်လှမ်းလိုက်ရင်း လက်​​မောင်းများကြားတွင်​စောင်ကိုညှပ်ထားလို့ ထထိုင်လိုက်၏။

"မင်းဒီတစ်ညလုံးမအိပ်​​တော့ဘူးလား?"

အမှန်​​တော့ ​ဟော်ချွီသူ့အား​ခေါ်လိုက်တာ
သူကြားလိုက်တယ်...ပြန်မထူးချင်ခဲ့ခြင်းသာ။

ယွီချင့်ဟွမ်အမြင်အရ​ ​ဟော်ချွီရဲ့သာမာန်မ​ဟုတ်တဲ့အပြုအမူ​တွေမှာ သူ့အတွက်ပထမဆုံးအကြိမ်
သူငယ်ချင်းတ​ယောက်နှင့်အတူအိပ်စက်ရတာ
ကြောင့်ဖြစ်မည်ဟုထင်မှတ်​နေသည်။

ဒါ​ကြောင့်သူဟာ စိတ်​တွေလှုပ်ရှား က​ယောင်​​ခြောက်ခြား​တွေဖြစ်ပြီး ဆိုးသွမ်းတဲ့က​​လေးတ​ယောက်လိုပြုမူ​နေတာ။

တကယ်​တော့အ​မှောင်ထဲမှာသူဘာဆိုဘာမှမမြင်လိုက်ရ​​​​ပေ။အရိပ်တခုက​ ခေါင်းက​နေတ​ရွေ့​ရွေ့
သူ့ဆီနီးကပ်လာတာကိုသာ ခံစားမိလိုက်၏။

​ဟော်ချွီက သူ့ကို​ အပြောင်အ​နောက်​တွေလုပ်ဖို့
များလား?

တခဏ​လောက်​တွေး​နေပြီး​သော် ယွီချင့်ဟွမ်က​ခေါင်း​မော့ပြီးသူ့အားကြည့်လိုက်သည်။

"ငါ..."

​ဟော်ချွီမှာ သူ့မျက်နှာတခုလုံးပူထူ​​​လောင်မြိုက်နေသလိုခံစား​နေရပြီး အပူရှိန်မှာသူ့ခန္ဓာကိုယ်ထဲသို့ လှိုင်းလုံး​ကြီးတလုံးလို တရိပ်ရိပ်ထိုးတက်​လာပြီး သူ့အားနစ်မွမ်း​​ပျောက်ကွယ်လုနီးပါး​ဖြစ်​နေ​စေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now