Chapter - 2 [Uni]

8.5K 1.4K 16
                                    

-အရသာရှိတဲ့ငှက်ဥတွေ

Rong Mingshi ကသူ့ရဲ့ဂုတ်ကို ဆွဲကိုင်ခံလိုက်ရတဲ့ အချိန်မှာ ထူးဆန်းတဲ့လုံခြုံစိတ်ချမှုကို ခံစားလိုက်ရပြီး သူ့စိတ်ထဲမှာထူးဆန်းအတွေးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ ထိုကာလတစ်ပတ်လုံး ဆာလောင်မွတ်သိပ်ပြီးနောက်မှာတော့ သူ့ရဲ့သားရဲအမေကသူ့ကိုလာ‌ခေါ်တယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်နေလေတယ်။

Rong Mingshi ကသတိလက်လွတ်ဖြစ်သွားပြီး သူ့ရဲ့အမြီး ခေါင်းနဲ့ခြေလက်တွေက နာခံမှုရှိစွာဘဲကုတ်ကုတ်လေးဖြစ်သွားခဲ့တယ်။ အဖြူရောင်အမွှေးပေါ်မှာ အနက်ရောင်အမှတ်အသားအကွက်လေးတွေ ရှိတဲ့နှင်းကျားသစ်လေးဟာ အနီးအနားမှာရှိတဲ့ စိမ်းစိုနေတဲ့သစ်ပင်ကြီးပေါ်ကို လွင့်‌သွားပါတော့တယ်။ ရုတ်တရက်ကြီးပေါ့ပါးသွားတာကြောင့် ကျားသစ်လေးကလန့်သွားပြီး လုံခြုံစိတ်ချမှုခံစားရစေရန် သူ့ခြေထောက်လေးတွေကို လှုပ်ရှားလိုက်တယ်။

ကျားသစ်ပေါက်လေးကသူသစ်ပင်ထိပ်နဲ့တိုက်မိတော့မှာကို မြင်လိုက်တဲ့နောက်မှာတော့အရှိန်နည်းသွားစေရန်ရုန်းကန်နေခဲ့ရတယ်။ ထူထဲတဲ့အရွက်တွေနဲ့ရိုက်မိပြီးနောက်မှာတော့သူကပြော့ပျောင်းတဲ့နေ‌ရာတစ်ခုစီသို့ ပြုတ်ကျသွားခဲ့တယ်။

အနက်ရောင်နဂါးကြီး Aojia ရဲ့အသိတွေက ရှင်းရှင်းလင်းလင်းမရှိပေမယ့်လို့ သူ့ရဲ့ဘေးပတ်ဝန်းကျင်ကိုထိုးထွင်းသိမြင်နိုင်ပါသေးသည်။ ထို့ကြောင့်မို့သူကသားရဲပေါက်စလေးကို ကြီးမားတဲ့ငှက်ကြီးရဲ့အသိုက်ထဲကို ပစ်ထည့်လိုက်တာပဲ ဖြစ်တယ်။

ယခုဆိုကျားသစ်လေးကသက်တောင့်သက်သာရှိတဲ့ငှက်အမွေးများဖြင့်ဖုံးလွှမ်းထားလို့နေတဲ့အသိုက်ထဲတွင်အနာတရမဖြစ်ပဲဟိုလိမ့်ဒီလိမ့်လုပ်နေလေတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ငှက်မွှေးများဖြင့်ဖုံးအုပ်သွားတာ‌ကြောင့် နှာခေါင်းထဲကိုလည်း ငှက်မွှေးတစ်မွှေးနှစ်မွှေးလောက်ဝင်သွား‌ခဲ့တယ်။ ကျားသစ်‌လေးကယားယံမှုကိုမခံနိုင်ဘဲနှာချေမိသွားတယ်။ နှာချေလိုက်တာကြောင့် ဖုံးအုပ်နေခဲ့တဲ့ငှက်မွှေးတချို့ကလွင့်သွားခဲ့ပြီးအစက်အပြောက်တချို့ပါတဲ့ ငှက်ဥနှစ်လုံးကပေါ်ထွက်လာတော့တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now