Chapter - 39 [Uni]

4.9K 1K 31
                                    

- ပိုက်ဆံမလုံလောက်ဘူး။

အင်ပါယာရဲ့နည်းပညာကလုံလောက်စွာဖွံ့ဖြိုးတိုးတက်ခဲ့တယ်၊ ထို့ကြောင့် Star Network ပေါ်တွင်ပြသထားတဲ့အပြာရောင်ဒေါင်းကသူတို့ရှေ့တွင်ရောက်နေသကဲ့သို့ပင်။ ဒါကလူတွေကိုဆွံ့အသွားလောက်အောင်အံ့ဩစရာကောင်းလှတယ်။ ထိုအံ့ဩဖွယ်လက်ရာကို Star Network မှတစ်ဆင့်ဖြတ်ကာထိကြည့်ဖို့လက်လှမ်းမိတဲ့သားရဲဘယ်နှကောင်ရှိမှန်းဆိုတာမသိနိုင်ပါပေ။

မာနထောင်လွှားပြီးကြော့ရှင်းတဲ့အပြာရောင်ဒေါင်းကသူ့ဖီးနစ်မျက်လုံးများကိုအနည်းငယ်စောင်းကာတင့်တယ်တဲ့အပြာရောင်ကတ္တီပါအမွေးများကိုဂုဏ်ယူစွာဖြင့်ကြည့်နေလေတယ်။ တောက်ပတဲ့အစိမ်းရောင်အတောင်ပံများ၊ ယပ်တောင်ပုံသဏ္ဍာန်အလွန်ကြည့်ကောင်းလှတဲ့အမြီးအမွေးများ၊ ကြော့ရှင်းစွာအလွှာလိုက်ရှိနေသည့်အမြီးမှအမွေးများနှင့်အရောင်ရဲ့အသက်အဝင်ဆုံးကဒေါင်းရဲ့မျက်လုံးတွေပဲဖြစ်တယ်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် အဆုံးတွင်တစ်စုံတစ်ယောက်ကမက်ဆေ့ခ်ျတစ်ခုကိုချန်ထားခဲ့တယ်။

- အော်ဒါပြန်ဖွင့်ဖို့စတိုးဆိုင်ပိုင်ရှင်ကိုအပြင်းအထန်တောင်းဆိုပါတယ်!!!

- အော်ဒါပြန်ဖွင့်ဖို့စတိုးဆိုင်ပိုင်ရှင်ကိုအပြင်းအထန်တောင်းဆိုပါတယ်!!!

- အော်ဒါပြန်ဖွင့်ဖို့စတိုးဆိုင်ပိုင်ရှင်ကိုအပြင်းအထန်တောင်းဆိုပါတယ်!!!

အချိန်ကြာမြင့်စွာလဲလှယ်ရေးဧရိယာတစ်ခုလုံးတွင်ထိုစကားများဖြင့်ပြည့်နှက်နေခဲ့တယ်။ ဒေါင်းရုပ်ကိုမြင်သူတိုင်းကထိုစကားမှလွဲ၍အခြားဘာမျှမပြောနိုင်ကြတော့ချေ။

သူတို့ကအပြာရောင်ဒေါင်းရုပ်ထုကိုမြင်ပြီးပြင်းပြတဲ့အာသီသဆန္ဒတွေထက်သန်စွာနဲ့ပေါ်ထွက်လာခဲ့တယ်။ သူတို့က Star Network ပေါ်မှပိုင်ရှင်အားအမြန်ရှာဖွေပြီးထိုပိုင်ရှင်ရှေ့ဒူးထောက်ကာစိတ်တိုင်းကျအမှာစာတွေပိုဖွင့်ပေးဖို့သာ‌သွားတောင်းဆိုချင်တော့တယ်။ အခြားသူများရဲ့သေသပ်တဲ့စိတ်ကြိုက်အမှာစာလက်ရာများကိုမြင်လေလေစတိုးဆိုင်ပိုင်ရှင်ကသူတို့ရဲ့သားရဲပုံစံကိုမည်သို့ထွင်းထုပေးမလဲဆိုတာကိုသိလိုစိတ်ပြင်းပြလာလေပဲဖြစ်တယ်။ ရိုးရိုးရှင်းရှင်းကိုပဲဒီပြင်းပြတဲ့အာသီသဆန္ဒကသူတို့ရဲ့ကလီစာတွေကိုကုတ်ခြစ်နေသလိုပါပဲ!

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now