Chapter - 34 [Uni]

4.9K 1K 53
                                    

- အခွံထဲမှတိုးထွက်ခြင်း

နောက်သင်ခန်းစာမှာထွင်းထုခြင်းလေ့ကျင့်မှုပဲဖြစ်တယ် Rong Mingshi ကဒေါင်းထုထွင်းရန်သာစဉ်းစားနေဆဲဖြစ်ပြီးအပေါ်သို့မော့မကြည့်ခဲ့ပေ။ သူရဲ့လက်တုတ်တုတ်လေးတွေကဥဒေါင်းရဲ့ပုံကိုဆွဲယူကာနူးညံ့တဲ့အမွေးများပေါ်သို့ချဲ့ကြည့်လိုက်တယ်။

ပတ်ဝန်းကျင်မှအသံဗလံများထွက်ပေါ်လာခဲ့တယ်။ အလယ်တန်းဖက်မှအတန်းဖော် Rong ဟုဗလုံးဗ‌ထွေးခေါ်ဆိုသံအချို့ရှိသော်လည်း Rong Mingshi ကသူတို့ကိုလုံး၀သတိမပြုမိခဲ့ပေ။ ဆူညံသံများမရပ်တန့်သွားဘဲ သူ့အပေါ်စူးရှသောအကြည့်များကျရောက်လာသည့်အတွက် Rong Mingshi ရဲ့နားလေးတွေကလှုပ်ရှားသွားလေတယ်။ သူကအံ့သြစွာဖြင့်ခေါင်းကိုမော့လိုက်တော့အတန်းတစ်ခုလုံးရဲ့မျက်လုံးများကသူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရတယ်။

Rong Mingshi ကဒေါင်းရဲ့မျက်နှာပြင်ကိုတိတ်တဆိတ်ပိတ်လိုက်ပြီးအခြားသူများကဲ့သို့မတ်မတ်လေးထိုင်လိုက်လေတယ်။

“…”

“…”

“…”

ကျောင်းသားများကတည်ငြိမ်လေးနက်နေသည့်ကျားသစ်လေးအားတိတ်တဆိတ်ကြည့်လိုက်ကြတယ်။ အတန်းထဲမှထိပ်တန်းကျောင်းသားလေးဦးကအလယ်အလတ်တန်းစွမ်းအင်ကျောက်တုံးကိုမည်သို့ခွဲဝေသုံးစွဲရမည်ကိုငြင်းခုံနေကြစဉ်တွင်ကျားသစ်ငယ်လေးကလုံးဝကိုစိတ်တောင်မဝင်စားပေ။

ယခင်စာမေးပွဲအတွင်း Rong Mingshi ကိုအကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့တဲ့ကျောင်းသားက Rong Mingshi ပထမအတန်းကခုံကိုမရွေးခဲ့တာကြောင့်ပထမအတန်း၏တတိယခုံတွင်ထိုင်ခွင့်ရခဲ့သည်။ ဒီအချိန်မှာဘဲသူကပြောလေတယ်။ “ မင်းလည်းမြင်တယ်မလား။ အတန်းဖော် Rong ကဂရုတောင်မစိုက်ဘူး။ ငါရွေးချယ်ရမည့်အလှည့်ရောက်ပြီမို့ငါအကောင်းဆုံးကိုသဘာဝကျကျပဲရွေးချယ်ရလိမ့်မယ်။ အတန်းဖော် Rong ကလက်ရှိထိုင်ခုံကိုရွေးချယ်ခဲ့တာကြောင့်သူကဦးစားပေးရွေးချယ်မှုကိုပါလက်လျော့လိုက်တာပဲလေ။ "

“…”

ကျားသစ်ငယ်လေးကသူ့အတွက်‌မခံမရပ်နိုင်ဖြစ်နေကြတဲ့ကျောင်းသားတွေ ကြောင်အအလေးငေးကြည့်လိုက်တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now