Chapter - 49.1 [Uni]

4.4K 881 9
                                    

- ကျားပုံသဏ္ဍာန်စွမ်းအင်ကျောက်တုံး

Rong Mingshi ကလိမ္မော်ဝါရောင်ကျောက်တုံးကြီးတစ်ခုလုံး၌ပြည့်နေသောအလွန်ပြင်းထန်သည့်စွမ်းအားများကိုခံစားလိုက်ရပြီးဓားကဖြည်းညင်းစွာဖြင့်ကျောက်တုံးကိုဖြတ်ကာလိုင်းများကိုချဲ့ထွင်လိုက်သည်။ ဒီခံစားချက်ကသူမီးမြေခွေးစွမ်းအင်ကျောက်တုံးကိုထွင်းတုန်းကနဲ့မတူပေ။ မီးကျောက်တုံးကမီးကဲ့သို့ပူပြင်းတဲ့စွမ်းအင်များဖြင့်သိပ်သည်းနေတဲ့အချိန်မှာဒီလိမ္မော်ရောင်ကျောက်တုံးကမြေကြီးကဲ့သို့အနည်းငယ်လှုပ်ရှားလေသည်။ Rong Mingshi ကတစ်စုံတစ်ခုကိုထိလိုက်မိသွားသလိုမရေရာတဲ့ခံစားချက်ကိုခံစားလိုက်ရပြီးသူကဒီစွမ်းအားကိုသူလိုချင်သည့်အနေအထားအထိတွန်းပို့ပေးနိုင်လေသည်။

အရည်အသွေးမြင့်အရောင်ပိတ်စွမ်းအင်ကျောက်တုံးကိုအရောင်ဖြင့်မဖော်ပြနိုင်တာကြောင့်ကျားသစ်ငယ်လေးကလိုင်းများနှင့်ချောမွေ့တဲ့မျဉ်းကွေးများကို အသုံးပြုကာအာရုံစိုက်ခဲ့ရသည်။

ဤသည်မှာကျောက်ဆောင်ပေါ်ရှိတောင်ကျားကြီးတစ်ကောင်ပဲဖြစ်သည်။ ရက်စက်ကြမ်းကြုတ်
တဲ့တောင်ကျားကြီးရဲ့ခြေလက်များကသန်မာပြီးခွန်အားကြီးကာကြွက်သားများမှာလည်းချောမွေ့ပြီးကျန်းမာလှသည်။ ထူထဲတဲ့ခြေသည်းများကသန်မာလှပြီးကျောက်တုံးပေါ်လှမ်းတက်လိုက်သည်နှင့်ကျောက်တုံးကြီးကိုဆုတ်ဖြဲနိုင်သကဲ့သို့ပင်။ တောင့်တင်းသန်မာတဲ့ကျားအမြီးကမမြင်နိုင်သောလေကြောင့် ယိမ်းနွဲ့နေကာအမွေးသေးသေးလေးများက၎င်းနှင့်အတူလှုပ်ယမ်းလို့နေသည်။ ရက်စက်တဲ့ကျားကြီးရဲ့ပါးစပ်ကိုပွင့်လာခဲ့ပြီးချွန်ထက်မြတဲ့ကျားကြီးရဲ့သွားများကပေါ်ထွက်လာလေသည်။ ထိုအချိန်တွင်ကျားကြီးရဲ့ဟိန်းဟောက်သံကသစ်တောတစ်ခုလုံးကိုတုန်လှုပ်သွားစေပါသည်။

Rong Mingshi ရဲ့ထွင်းထုဓားမှာသူ့ခံယူချက်စိတ်စွမ်းအင်တွေကသူ့ဓားတစ်လျှောက်ကျောက်တုံးထဲသို့ဝင်ရောက်သွားခဲ့ပြီးဤအသေးစိတ်အချက်အလက်များကိုအဆက်မပြတ်ပြုပြင်မွန်းမံပေးသည်။ ၎င်းကတောင်ကျားရုပ်ထွင်းရဲ့အရိုးများနှင့်အသားများဖြစ်လာပုံဖြစ်ပြီးထွင်းထုတစ်ခုလုံးပိုပြည့်စုံလာလေပိုခွန်အားပြည့်သဏ္ဍာန်ဖြစ်လေဖြစ်သည်။ နောက်ဆုံးတွင်ကျားသစ်လေးရဲ့ဓားကခိုင်ခံ့တဲ့ကျောက်တုံးကို ခုတ်ဖြတ်ကာထောင့်တစ်ဘက်တွင်သူ့လက်မှတ်ကိုထွင်းထုထားလိုက်သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now