Chapter - 42 [Uni]

4.9K 1K 25
                                    

- သူစိတ်အခြေအနေမကောင်းလို့လား။

Rong Mingshi ကဝယ်သူထံမှကြိုတင်ပေးသွင်းငွေကိုလက်ခံရရှိခဲ့တဲ့နောက်သူသက်ပြင်းချလိုက်မိတယ်။ သူကဝယ်သူထံမှစာတ်ိုကိုလည်းလက်ခံရရှိခဲ့တယ်။

“ မင်္ဂလာပါ၊ ဆိုင်ပိုင်ရှင်။ ကျွန်မခင်ပွန်းအတွက်စိတ်ကြိုက်လက်ရာကိုမှာချင်ပါတယ်။ ကျွန်မအိမ်ထောင်ဖက်ရဲ့သားရဲပုံသဏ္ဍာန်ကကျားတစ်ကောင်ဖြစ်ပြီး 3D ပုံရိပ်တွေလည်းကျွန်‌မပေးထားပါတယ်။ အဆင့်မြင့်စွမ်းအင်ကျောက်တုံးကိုအခုချက်ချင်းမပို့‌နိုင်သေးတာကိုတော့တောင်းပန်ပါတယ်ရှင် ရက်အနည်းငယ်လောက်စောင့်ပေးလို့များရနိုင်မလားရှင့်? ”

ကျားသစ်လေးကသူ့ခြေဖဝါးလေးကိုမျက်နှာပြင်ကစာသားပေါ်တင်ကာစာပြန်လိုက်တယ်။ “ ရပါတယ်၊ မင်းစွမ်းအင်ကျောက်တုံးကိုသာစီစဉ်ပေးမယ်ဆိုရင်အကုန်အဆင်ပြေပါတယ်။ ”

ဝယ်သူကဘုရားသခင်လေ။ ထိုတောင်းဆိုချက်သေးသေးလေးအတွက် Rong Mingshi ကသဘာဝကျကျပဲသဘောတူလိုက်ခဲ့ပါတယ်။

"ကျေးဇူးတင်ပါတယ်၊ စတိုးဆိုင်ပိုင်ရှင်! စွမ်းအင်ကျောက်ကိုအလွန်ဆုံးသုံးရက်အတွင်းပို့လိုက်ပါ့မယ်။ ”

အင်ပါယာရဲ့နိုင်ငံခြားရေးဝန်ကြီး၏ဇနီးသည်က Oran မြို့စားကတော်ရဲ့မွေးနေ့ညစာစားပွဲသို့သွားနေစဉ်သူမရဲ့ကွန်ပျူတာကိုပျော်ရွှင်စွာပိတ်လိုက်တယ်။ သူမကအလွန်ကံကောင်းခဲ့တယ်။ ကံကောင်းစွာဖြင့်သူမကပွဲသို့သွားရာလမ်း၌ပျင်းနေခဲ့ပြီးဒေါင်းရုပ်ရှင်ဧကရာဇ်ရဲ့အချက်အလက်များကိုစစ်ဆေးမိခဲ့တယ်။ ရုပ်ရှင်ဧကရာဇ်ကစတိုးဆိုင်တစ်ခုတွင်တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်နှင့်ထိုကဲ့သို့သောအလွန်ကောင်းမွန်တဲ့အရည်အချင်းများကိုမြင်နိုင်ရန်သူမမျှော်လင့်ခဲ့ပေ။ ဒါကမြို့စား Oran ရဲ့ထွင်းထုလုပ်ငန်းကပန်းပုဆရာတွေထက်အများကြီးပိုကောင်းတယ်။

ညစာစားပွဲပြီးတဲ့အခါမှပဲနိုင်ငံခြားရေးဝန်ကြီးရဲ့ဇနီးက Oran ပန်းထွင်းလုပ်ငန်းမှအဆင့်မြင့်စွမ်းအင်ကျောက်ထွင်းထုတဲ့အမှာစာကိုရုပ်သိမ်းမည်ဖြစ်ကြောင်းမြို့စားကတော်အားပြောကြားရလိမ့်မည်။ အချို့ပျက်စီးဆုံးရှုံးမှုများနှင့် မြို့စားကတော်ကိုအတိုင်းအတာတစ်ခုအထိအရှက်ရစေလိမ့်မည် ဒါပေမယ့်ဖြစ်တော့ရောဘာဖြစ်လဲ? သူမခင်ပွန်းကပိုအရေးကြီးတယ်လေ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now