Chapter - 57 [Uni]

4.3K 853 15
                                    

-လှည့်စားခြင်းကိုသတိပြုပါ။

နောက်နေ့မနက်စောစောမှာတော့ Rong Mingshi ကအဆင့်မြင့်စွမ်းအင်ကျောက်တုံးနဲ့ကောလိပ်ကိုသွားခဲ့ပါတယ်။ ဒီနေ့တော့စာကြည့်တိုက်ဖွင့်ပြီးကောလိပ်ရဲ့စွမ်းအင်ကျောက်ဂိုဒေါင်မှာသွားစောင့်နေဖို့သူကြံစည်ထားပါတယ်။

အစကတော့သူကသူယူလာခဲ့တဲ့အဆင့်မြင့်စွမ်းအင်ကျောက်တုံးအမှာစာကိုသူလုပ်မလို့ပါ။ သို့သော်လည်းဝယ်သူတွေပေးတဲ့သားရဲရုပ်ပုံတွေကိုလေ့လာတဲ့အခါ Aojia ရဲ့ပုံကြမ်းနှစ်ပုံကသူ့ခေါင်းထဲတွင်အမြဲပေါ်ပေါ်လာနေခဲ့သည်။

Rong Mingshi ကဝယ်သူတွေရဲ့ပုံတွေအပေါ်အာရုံစိုက်မရတဲ့နောက်သူကသူ့ကွမ်တမ်ကွန်ပျူတာပေါ်တွင် Aojia ရဲ့ပုံကြမ်းများကိုဖွင့်လိုက်သည်။ Rong Mingshi ရဲ့လက်ထူတုတ်တုတ်လေးတွေကပုံကြမ်း‌တွေကိုဆွဲထုတ်လိုက်ပြီးကုန်ကြမ်းများရွေးချယ်ရန်စက်လုံးထိုင်ခုံအားမောင်းထွက်လာခဲ့သည်။ သူကအရောင်ရောကျောက်တုံးတစ်တုံးဖြင့်ပြန်လာခဲ့ပြီးအကူစက်ရုပ်အချို့၏အနောက်ဘက်သို့ရွှေ့ကာထွင်းထုခြင်းကိုစတင်ခဲ့သည်။

ထိုအချိန်တွင်ဆရာ ၁၈ ဦးတို့မှာကျောင်းအုပ်ကြီး Stewart ထံမှ၎င်းတို့ရဲ့အနာဂတ်ဆရာကြီးရဲ့အဆက်အသွယ်အချက်အလက်များကိုအရယူရန်ကျရှုံးခဲ့ကြသည်။ အချို့သောမာစတာများကဆရာတပည့်အခြေအနေအားအတည်ပြုဖို့မစောင့်နိုင်ကြတော့တာကြောင့်နောက်ဆုံး၌သူတို့ရဲ့ပါမောက္ခရာထူးများကိုအသုံးပြုကာကျောင်းသား Rong ရဲ့တည်နေရာအားကောလိပ်ရဲ့အကူစက်ရုပ်များထံမှသိရှိခဲ့ရသည်။

ဆရာတွေရောက်လာတော့ကျောင်းသား Rong ဟာ ​ကျောက်တုံးကိုလေ့လာဖို့စက်ရုပ်တချို့ကြားရောက်နေသည်ကိုတွေ့လိုက်ရပါတယ်။ ထို့ကြောင့်ဆရာတွေကသူတို့ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်လိုက်ကြပြီးမလှမ်းမကမ်းမှအနီးကပ်စောင့်ကြည့်လို့နေခဲ့ကြသည်။ Rong Mingshi ရဲ့အမြင်တွင် Aojia ရဲ့ပုံကြမ်းများသည်ပုံကြမ်းတစ်ခုမျှသာဖြစ်သည်။ သူ့ရဲ့စိတ်ကူးများကပုံကြမ်းနှင့်လုံးဝမတူတာကြောင့် အသေးစိတ်အချက်အချို့ကိုပြုပြင်ခဲ့ရသည်။ အတိုင်းအဆနဲ့ကန့်သတ်မှုတွေရှိတဲ့လက်ရာကကောင်းတဲ့လက်ရာတစ်ခုမဟုတ်ဘူး!

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now