Chapter - 53 [Zawgyi]

2K 201 2
                                    

- ဆရာဝန်၏စိတ်နှလုံး

ကျောင်းအုပ် Stewart ကကျောင်းသား Rong တွင် ယိမ်းယိုင်နေသောအရိပ်အယောင်များကိုမြင်ပြီးနူးညံ့တဲ့လေသံဖြင့်ပြောခဲ့သည်။  “ကောလိပ်ရောက်တာနဲ့ ငါ့ရုံးခန်းကိုလာပြီးငါ့ကိုလာတွေ့ပါ။  ငါမင်းကိုအဲဒီ့လိုက်ပို့မယ်။"

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး”

Rong Mingshi ကကတိပေးတဲ့ပုံစံနှင့်သူ့လက်လေးတွေကိုမြှောက်ပြလိုက်တယ်။ 3D ရုပ်ပုံကကျောင်းအုပ်ကြီး Stewart ကစိတ်သက်သာရာရစွာပြုံးလိုက်ကာကျားသစ်လေးရဲ့ခေါင်းကိုကိုင်ရန်လက်လှမ်းလိုက်မိပြီးမှခေါ်ဆိုမှုကိုပိတ်လိုက်သည်။

Rong Mingshi ကအဆင့်မြင့်စွမ်းအင်ကျောက် ၁၀ လုံးကိုသူနှင့်အတူလွယ်လွယ်ကူကူမသယ်ဆောင်နိုင်ပေ။ သူကကျောက်စိမ်းကဲ့သို့ဖြူဖွေးကာဖောက်ထွင်းမြင်ရတဲ့ကျောက်တစ်လုံးကိုသာထုတ်ယူခဲ့ပြီးကျန်အရာများကိုတော့အိမ်ထိန်းကသိမ်းသွားခဲ့ပါသည်။ ထို့အပြင် Rong Mingshi ကဆင်ကလေးနှင့်ပုစဉ်းနီအတွက်အဆင့်နိမ့်စွမ်းအင်ကျောက်တုံးများယူဆောင်လာရန်လည်းမမေ့ပေ။

အတန်းပေါ်မူတည်ပြီးသူလစ်လို့ရကောင်းရခဲ့ရင်သူတစ်ခုခုကိုထွင်းထုနိုင်ရမည်ဖြစ်သည်။ ဤအဆင့်နိမ့် စွမ်းအင်ကျောက်များရဲ့ဈေးနှုန်းကတန်းမြင့်စွမ်းအင်ကျောက်များထက်အဆပေါင်းများစွာဆိုးရွားသော်လည်း Rong Mingshi ရဲ့စိတ်နှလုံးသားတွင်တော့ကွာခြားမှုမရှိပေ။

ဆိုင်းထိန်းကားဖြင့်ကောလိပ်သို့လာရာလမ်းတစ်လျှောက်တွင် Rong Mingshi ကဝယ်သူ ၁၀ ဦးမှပေးအပ်သည့်သားရဲပုံများကိုအတည်ပြုစစ်ဆေးရန်သူ့ကွန်ပျူတာကိုဖွင့်လိုက်သည်။ ထိုအချိန်မှသာ Rong Mingshi ကမြေခွေးလက်ထောက်ဗိုလ်မှူးတစ်ဦးထံမှသတင်းစကားကိုမြင်လိုက်ရသည်။  ကြီးမားတဲ့စစ်တပ်အမှာစာ...

ကြယ်ပွင့်အကြွေစေ့ သန်း 100 ကြိုတင်စာရင်းသွင်းမှု အခကြေးငွေရရှိပြီးပြီဖြစ်တဲ့ Rong Mingshi ကသူ့ရဲ့လတ်တလောအစီအစဉ်များကိုထည့်သွင်းစဉ်းစားကာသူ့လက်လေးများဖြင့်သူ့နားရွက်လေးကိုပွတ်လိုက်ပြီးယဉ်ကျေးစွာအကြောင်းပြန်ခဲ့သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now