Chapter - 52 [Uni]

4.3K 838 4
                                    

- အမြင်အာရုံစမ်းသပ်မှုတစ်ထောင်ကျော်လွန်ခြင်း

ရေချိုးပြီးစားသောက်ရန်အတွက်အဆင့်မြင့်လေလံပွဲကိုအလျင်အမြန်ဖွင့်ပြီး Aojia နှင့်အတူထွက်သွားသည့်အခါတွင် Rong Mingshi ကလေလံအရေအတွက်နှင့်လေလံချိန်သတ်မှတ်ရန်မေ့သွားခဲ့သည်ကိုသူသတိမထားမိလိုက်ပေ။ ရလဒ်မှာတော့လေလံပွဲကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဝယ်သူထံမှခရက်ဒစ်အခြေအနေနှင့်တုံ့ပြန်ချက်အရ၊ လေလံရဲ့အမြင့်ဆုံးသတ်မှတ်ချက်မှာအလိုအလျောက်အဆင့်မြှင့်ထားခဲ့ပြီးဖြစ်သွားကာ၎င်းကလေလံတစ်ခုစာသာမဟုတ်ပဲ ဆယ်ခုစာဖြစ်သွားခဲ့တယ်!

အနှီအဆင့်မြင့်လေလံ 10 ခုစာကိုစနစ်ရဲ့ပုံသေတစ်ရက်တာကာလအဖြစ်သတ်မှတ်ထားပါသည်။ ထိုလေလံပွဲများကြောင့်အွန်လိုင်းစတိုးတွင်စတည်းချနေကြသည့်ဝယ်သူများအားလုံးမှာရူးသွပ်သွားခဲ့ကြသည်။

- ဆိုင်ပိုင်ရှင်ကတကယ့်ကိုအစွမ်းထက်တာဘဲ!

-ဆိုင်ပိုင်ရှင်ရေ ငါမင်းကိုတကယ်ကြီးချစ်တယ်ကွာ!

- စတိုးဆိုင်ပိုင်ရှင်ကတော့တစ်ချက်တည်းနဲ့ကမ္ဘာကြီးကိုအံ့ဩဆွံ့အသွားအောင်လုပ်လိုက်တာပဲ!

ထို့နောက်တွင်တော့အရူးအမူးဝယ်သူများကအမှာစာ ၁၀ ခုသည်လည်းဖမ်းယူရန်မလုံလောက်ကြောင်းကိုတွေ့ရှိခဲ့ရပါသည်။ လေလံဈေးကမြင့်တက်လာခဲ့ပြီးယခင်အဆင့်မြင့်စွမ်းအင်ကျောက်တုံးရဲ့အပိတ်စျေးနှုန်းကိုလျင်မြန်စွာပင်လွှမ်းမိုးသွားခဲ့သည်။

- မင်းတို့ထိပ်ကလူတွေငါပိုက်ဆံမရှိတာမဟုတ်ဘူးနော်! မင်းတို့ကထိပ်ကိုတက်ပြီးငါ့ဆီကလုယူရဲကြတယ်လား။

-လေးသန်း...ငါတော့ရင်ခုန်နေပြီ!

- ငါဖြစ်စေချင်တာကဆိုင်ပိုင်ရှင်ကပုံသေလေလံပမာဏကိုသတ်မှတ်စေချင်တာပဲ။ တစ်သိန်းစီတိုးနေတာကိုကြည့်ရတာငြီးငွေ့နေပြီ။

- တစ်ယောက်ယောက်ကများအမှတ်လွဲနေသလား။ ဒါကလုံးဝကိုသာမာန်သားရဲလူသားတွေမြင်နိုင်တာထက်ကိုကျော်လွန်နေပြီ!

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now