Chapter - 49.2 [Zawgyi]

2.2K 241 4
                                    

ဗိုလ်ချုပ်ကြီးမကြာခင်ပြန်လာတော့မှာဆိုတော့...

သူဥယျာဉ်ထဲကကျားသစ်လေးလုပ်ထားတဲ့အလှဆင်ပစ္စည်းကိုအရင်ဖျောက်ထားရမယ်။ အကယ်၍ကျားသစ်လေးကဤမျှလှပတဲ့ထွင်းထုမှုပြုလုပ်ခဲ့သည်ကိုနဂါးနက်ကြီးကသာသိပါကအိမ်ထဲမှာရေခဲရေအလုံအလောက်ရှိတော့မှာမဟုတ်ပေ။

ကယ်တင်လိုခြင်းစိတ်ဓာတ်ဖြင့်အိမ်ထိန်း Baba ဟာအပြစ်ရှိသည်ဟုလုံးဝမခံစားခဲ့ရပါ။ သူက Ruhr ထံမှ နောက်ဆုံးပေါ် ကိုယ်ယောင်ဖျောက်ရုပ်ဖျက်စနစ်ကိုရရှိခဲ့သည်။ ဥယျာဉ်အပြင်ဘက်ကအဆင်တန်ဆာမှာယနေ့နံနက်စောစောဗိုလ်ချုပ်ကြီးထွက်ခွာသွားခဲ့သည့်အချိန်ကလိုမပြီးဆုံးသေးတဲ့အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့သည်။

ကျားသစ်ငယ်လေးဤသည်ကိုမသိပါပဲပထမထပ်ကဧည့်ခန်းဆီသို့ချောတောငေါ့သွားခဲ့သည်။ သူကဆိုဖာပေါ်သို့ခုန်တက်ကာဧည့်ခန်း၏မီးဆိုင်းပဒေသာပေါ်ရှိကြောက်လန့်နေသည့်အနက်ရောင်နဂါးကျောက်တုံးကိုငေးကြည့်လိုက်သည်။ သူကသူ့လက်ဖဝါးလေးများကိုပွတ်တိုက်ကာစွမ်းအင်ကျောက်စတိုးဆိုင်များကိုရှာဖွေရန်သူ့ကွန်ပျူတာကိုသုံးလိုက်သည်။

အရည်အသွေးမြင့်စွမ်းအင်ကျောက်များကိုစတိုးဆိုင်များစွာတွင်ရောင်းချသော်လည်း ၎င်းတို့ကို 3D ရုပ်ပုံအဖြစ်သာ Star Network ပေါ်တွင်ပြသလို့ထားသည်။ ၎င်းတို့ကိုရောင်းချတဲ့အခါကြယ်ပွင့်ဒင်္ဂါးများရဲ့ပမာဏကအလွန်များလွန်းပြီးအွန်လိုင်းငွေပေးငွေယူများကကူညီထောက်ပံ့ပေးလို့မရပေ။ အော့ဖ်လိုင်းငွေပေးငွေယူများအတွက်အွန်လိုင်းဘွတ်ကင်များသာရနိုင်တာဖြစ်သည်။

အရည်အသွေးမြင့်စွမ်းအင်ကျောက်များမှာလည်းကွဲပြားကြသည်။ အရောင်ပိုကြည်လင်လေလေ အရည်အသွေးပိုကောင်းလေဖြစ်သည်။ ဟုတ်ပါတယ်၊ သက်ဆိုင်ရာဈေးနှုန်းကလည်းပိုကြီးပါတယ်။ စတိုးဆိုင်တစ်ခုစီတွင်အဆင့်မြင့်စွမ်းအင်ကျောက်တုံးများကိုအရောင်အသွေးအလိုက်ပိုင်းခြားထားပြီး ကျားသစ်ငယ်လေးကအနက်ရောင်စွမ်းအင်ကျောက်များကိုအလွယ်တကူရှာတွေ့နိုင်မည်ဖြစ်သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now