Chapter - 71 [Uni]

3K 600 4
                                    

ထိုအချိန်တွင် Oran ထွင်းထုလုပ်ငန်းကို လွှဲပြောင်းယူခဲ့သော Monman ကုမ္ပဏီသည် Masters League ထွင်းထုလုပ်ငန်းက Star Network ပေါ်ကစတိုးပိုင်ရှင် ဆရာသခင်ရဲ့နာမည်နှင့် လျင်မြန်စွာ တိုးတက်လာသည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ တိုးတက်သည့် အရှိန်အဟုန်မှာ အလွန်ပြင်းသောကြောင့် သူတို့တွေအား လျှို့ဝှက်နည်းလမ်းများနှင့်ပင် ဖိနှိပ်၍မရခဲ့ပေ။ အထူးနည်းလမ်းများဖြင့် Monman ကုမ္ပဏီမှ လက်ခံရရှိတဲ့ အမှာစာများမှလွဲ အမှာစာအများအပြားသည် Masters League သို့ စီးဆင်းသွားခဲ့သည်။

Monman ကုမ္ပဏီသည် စီးပွားရေးသတင်းအချက်အလက်များကိုခိုးယူရန်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှုများကို မြှင့်တင်ရန်အတွက်‌ပါ နာမည်ကြီး ဆရာသခင် Shi ၏ နည်းလမ်းအချို့ကို ရယူရန်အတွက် ၎င်းတို့ တိတ်တဆိတ်ဝယ်ယူထားသော ထွင်းထုဆရာအချို့ကို Masters League သို့တိတ်တဆိတ် ဝင်ခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ကို Master League ရဲ့ဂုဏ်သိက္ခာအချို့ပါ ထိခိုက်ပျက်စီးစေဖို့သုံးနိုင်သည်။

ကံမကောင်းစွာဖြင့် သူတို့မလုပ်နိုင်တော့ဘူးဆိုတာသိလိုက်ရတယ်။ သူတို့ဝယ်ယူထားတဲ့ ထွင်းထုသူအားလုံးသည် ပထမအကျော့ ပြန်လည်သုံးသပ်မှုတွင် စစ်ဆေးမှုခံရပြီး မအောင်မြင်ခဲ့ကြပေ။

Monman ကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုနှင့်ကျောထောက်နောက်ခံပြုထားသောပန်းပုဆရာများသည် ပြဇာတ်တစ်ခုဖန်တီးရန် Masters League ရုံးချုပ်တွင်စုဝေးခဲ့ကြသည်။ အော့ဖ်လိုင်းဖြစ်စေ အွန်လိုင်းဖြစ်စေ တစ်ချိန်တည်းတွင် ၎င်းတို့သည် Masters League ကိုဆန့်ကျင်သည့် မှတ်ချက်အမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။

Masters League သည် မာနကြီးပြီး စိတ်သဘောထားသေးသိမ်ကာ အင်ပါယာ၏ ထုံးတမ်းစဉ်လာ အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ပန်းထွင်းသမားများကို စော်ကားသည်ဟု ဆိုကြသည်။ Masters League သည် ဆရာသခင် Shi အမည်ကို အသုံးပြုသင်တန်းသား ထွင်းထုသမားများကိုသာ ခေါ်ယူသည်။ အမှန်မှာတော့ သူတို့မှာ ဆရာသခင် ၁၈ ဦးမှလွဲ၍ အင်ပါယာအသိအမှတ်ပြုလက်မှတ်ရတဲ့ ထွင်းထုသူဟာ အနည်းငယ်သာရှိသည်။ သူတို့က အင်ပါယာသားရဲတွေကို ရိုးရိုးရှင်းရှင်းပဲ လှည့်စားနေကြတာပါ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now