Chapter - 33 [Zawgyi]

2.6K 283 3
                                    

- ဒုတိယစိတ်ကြိုက်အမှာစာ

ကျားသစ်တစ်ကောင်နှင့် Aojia တို့ကောလိပ်သို့သွားသည့်ဆိုင်းငံ့ကားတစ်စီးပေါ်တွင်အတူတကွထိုင်နေစဉ် စိတ်ကြိုက်မှာယူမှုအတွက်ကြယ်ဒင်္ဂါး ၂၀၀၀၀၀ ကိုဖြုန်းတီးခဲ့သောကိုရွှေလင်းယုန်က‌ Star Network ပေါ်သို့တက်လာခဲ့တယ်။

လိုင်းတက်လာတဲ့ကိုရွှေလင်းယုန်ရဲ့ပထမဆုံးလုပ်တဲ့အလုပ်က Craftsman Shi's House သို့သွားပြီးသူ့မှာယူမှုရဲ့ကြာမြင့်တဲ့အချိန်ကိုလာကြည့်တာပါဘဲ။ သူကစိတ်ကြိုက်မှာယူမှုအောက်မှခုန်တက်လာတဲ့မှတ်ချက်တွေနဲ့ပုံကိုတွေ့လိုက်ရပြီးသာမာန်အတိုင်းပဲဝင်ကြည့်လိုက်တယ်။

-မှာယူမှုရဖို့ကြယ်ဒင်္ဂါး ၂၀၀၀၀၀ သုံးခဲ့တဲ့ဝယ်သူကိုခေါ်နေပါတယ်။ လာပြီးပြန်လဲလိုက်ပါတော့!

-ပြန်လဲလိုက် ပြန်လဲလိုက်! ဒါကဆုံးရှုံးမှုအများဆုံးနဲ့အမှာစာပဲဖြစ်လိမ့်မယ်။ ဒီလိမ်လည်တဲ့စတိုးပိုင်ရှင်ဆီမှာဒင်္ဂါး ၂၀၀,၀၀၀ ကိုလှည့်စားမခံပါနဲ့!

-ဘယ်သူမှဒီလူလိမ်အိမ်ကနေမဝယ်သင့်ဘူး။ ဒီဆိုင်ပိုင်ရှင်ကသားရဲတွေအကုန်လုံးကိုအရူးလို့ထင်နေတာလား?

တတိယမှတ်ချက်ကိုမြင်တဲ့အခါကိုရွှေလင်းယုန်ရဲ့မျက်နှာကမှောင်မိုက်လို့သွားတယ်။ ဒါကဒင်္ဂါး ၂၀၀၀၀၀ သုံးခဲ့သူကဘဲရူးနေတဲ့ဝယ်သူလို့ပြောချင်နေတာလား? ဒါကရိုးရှင်းစွာနဲ့ဘဲသည်းခံနိုင်စရာမရှိပေ။

ရွှေသားရဲကဒေါသတကြီးဆက်လက်အောက်ကိုဆွဲကြည့်ပြီးကိုယ်တိုင်ထုတ်ဖော်ပြောထားတဲ့သက်သေခံရဲ့စာကိုတွေ့လိုက်ရတယ်။ တစ်နည်းအားဖြင့်စတိုးဆိုင်ပိုင်ရှင်ရဲ့ပထမဆုံးပစ္စည်းကိုဝယ်ရန်ကြယ်ဒင်္ဂါး ၁၀၀ ပြားကိုသုံးခဲ့တဲ့မူလဝယ်သူထံမှစာဘဲဖြစ်တယ်။ ဒါ့အပြင်ရွှေလင်းယုန်ကမျက်မြင်သက်သေပေးပို့ထားတဲ့စမ်းသပ်မှုပုံရိပ်ကိုမြင်ခဲ့ရတယ်။

ရွှေလင်းယုန်ကစမ်းသပ်ကိရိယာမှ '0' ရလဒ်ကိုတွေ့ပြီးသူ့မျက်ခုံးများကတွန့်ချိုးသွားတယ်။ သူကဒေါသတကြီးနဲ့ဝယ်သူလဲလှယ်တဲ့နေရာမှာ live လွှင့်ပါတော့တယ်။

live video မှချောမောပြီးလန်းဆန်းတဲ့မျက်နှာပေါ်လာတယ်ဆိုတာနဲ့လဲလှယ်တဲ့နေရာကိုကြည့်နေကြတဲ့သားရဲတွေလည်းထွက်ပေါ်လာတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now