Chapter - 28 [Uni]

5.3K 1K 15
                                    

- အကောင်းဆုံးလက်ဆောင်

Rong Mingshi ကသူ့စိတ်လှုပ်ရှားနေတဲ့အခြေအနေမှာတောင်သူကအရမ်းကိုအာရုံစိုက်ခဲ့ပြီး အဆင့်နိမ့်စွမ်းအင်ကျောက်တုံးကစွမ်းအားကိုပြင်းထန်စေခဲ့တယ်။ ကြည်နူးစရာခံစားချက်တစ်ခုရရှိခဲ့ပြီးဓားချက်တစ်ချက်တိုင်းဟာချောမွေ့လို့နေခဲ့တယ်။

မကြာခင်မှာဘဲသားရဲသုံးကောင်ရဲ့ပုံကြမ်းကပြီးဆုံးသွားခဲ့တယ်။ ၎င်းကရိုးရှင်းသောဖွဲ့စည်းပုံသာဖြစ်သော်လည်းတပ်သားတစ်ဦးရဲ့ခံ့ညားထည်ဝါတဲ့ကိုယ်နေဟန်ထားကိုဖော်ပြလို့နေတယ်။

Rong Mingshi ကသက်ပြင်းချလိုက်ပြီးကျားသစ်လက်ပုံစက်ကိရိယာကိုဘေးချထားလိုက်ကာသူ့ရဲ့လုံးတုတ်တုတ်လက်လေးတွေကိုအချင်းချင်းပွတ်တိုက်လိုက်တယ်။ သူကဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပေမယ့် Aojia ကိုမတွေ့ရခဲ့ပေ။ ကျားသစ်လေးကသံသယအချို့ခံစားမိသော်လည်း Aojia တွင်လုပ်စရာရှိသည်ဟုထင်ပြီးသားရဲသုံးကောင်ကိုပဲတစ်ဖန်အာရုံပြန်စိုက်လိုက်တယ်။

ထိုစွမ်းအင်ကျောက်တုံးများကသာမန်ကျောက်တုံးများနှင့်မတူဘဲပတ်၀န်းကျင်၌ကျောက်မှုန့်များလွင့်ပျံမှုမရှိပေ။ ပန်းပုဆရာရဲ့စိတ်စွမ်းအင်နဲ့ထွင်းထုတဲ့အပိုင်းတွေမှာဓားပေါ်ကအားစိုက်ရမှုကလုံးဝကိုပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့်လျင်မြန်စွာတွေးတောတဲ့ကျားသစ်လေးကလုံးဝကိုတုံ့ဆိုင်းမနေခဲ့ပေ။ သူကခေါင်းကိုငုံ့လိုက်ပြီးသူ့ရဲ့ကျားသစ်‌လက်လေးတွေကလည်းသူ့လုပ်ဆောင်မှုအတိုင်းတည်ငြိမ်လေးနက်နေခဲ့တယ်။

သားရဲသုံးကောင်ကသားရဲပုံစံရှိကောင်းရှိနိုင်သော်လည်းသားရဲတစ်ဦးစီတွင်စစ်တပ်ပုံစံစရိုက်ရှိနေခဲ့သည်။ ၎င်းကသာမန်မတ်တပ်ရပ်နေခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း Rong Mingshi ရဲ့လက်ရာကအသွေးနှင့်အသားများမှဂုဏ်ယူဝင့်ကြွားဖွယ်ခံစားချက်တစ်ခုထုတ်လွှတ်နေပုံရသည်။ Rong Mingshi ကထွင်းထုတဲ့အခါပန်းပုရဲ့အပြင်ပန်းအသွင်အပြင်ကိုသာမကဘဲအတွင်းပိုင်းအသက်ဝင်မှုကလည်းပါလေသည်။

၎င်းတို့က Star Network တွင် Rong Mingshi ယခင်ကရောင်းချခဲ့သောကြောင်လက်ရာနှင့်အလွန်ကွာခြားသည်။ Li နဂါးကြောင်ရဲ့ကြောင်ပုံသဏ္ဍာန်ကိုသားရဲများစွာရဲ့သဏ္ဍာန်နှင့်ပေါင်းစပ်ခဲ့ရသည်။ စွမ်းအင်နိုးထပေမယ့်လို့သီးသန့်မှာတဲ့ကျောက်တုံးနှင့်တော့အထူးကိုမှခြားနားပါသည်။ ထိုကျောက်တုံးသုံးလုံးကိုထိုအစောင့်တပ်သားသုံးဦးသာအသုံးပြုလိမ့်မှာဖြစ်သည်။ ဒါက Rong Mingshi ရဲ့စွမ်းအင်ကျောက်တုံးမှစွမ်းအင်နှိုးခြင်းကပိုမိုထိရောက်စေမှာဘဲဖြစ်သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now