Chapter - 48 [Uni]

4.9K 935 10
                                    

-ရုပ်ရှင်ဧကရာဇ်ရဲ့ဓာတ်ပုံများ၊ အင်းဆက်မှအော်ဒါမှာယူခြင်း။

တစ်ရက်တာအတွင်းမှာတော့ဧရာမရုပ်ထုကြီးရဲ့အသေးစိတ်အချက်အလတ်အားလုံးကိုပြီးမြောက်ခဲ့ပါသည်။ ကျားသစ်လေးကစက်လုံးခုံတွင်ထိုင်ကာပြီးစီးသွားခဲ့တဲ့အလုပ်ကိုကျေနပ်စွာငေးကြည့်နေခဲ့တယ်။ ဒါကအချိန်အတော်ကြာယူခဲ့ရပြီးသူအရမ်းပင်ပန်းနေပေမယ့်လို့ဒီလိုအောင်မြင်ပြီးမြောက်သွားတဲ့ခံစားချက်ကသူ့ကိုဂုဏ်ယူဝမ်းမြောက်မှုတွေပြည့်နှက်သွားလုနီးနီးပါပဲ။

ဒါ့အပြင် Rong Mingshi ကအကြောင်းအရင်းကိုနားလည်လိုက်ပြီးသည်နှင့်သူယခင်ကထွင်းထုထားခဲ့တဲ့အနက်ရောင်နဂါးလေးကိုပျော်ရွှင်စွာဆွဲထုတ်လိုက်ကာစက်လုံးပတ်ထိုင်ခုံပေါ်တွင်တင်လိုက်သည်။ သူကထိုင်ခုံထဲတွင်လှဲလျောင်းကာသူ့ရဲ့ထူတုတ်တုတ်လက်လေးနှစ်ခုကနဂါးနက်ငယ်လေးရဲ့ဥခွံပေါ်တွင် စည်းချက်ညီညီပုတ်နေလေသည်။ စက်လုံးပတ်ထိုင်ခုံကိုကြိုးပုခက်ကဲ့သို့လှုပ်ရှားစေပြီးမကြာမီမှာပင်သူအိပ်ပျော်သွားတော့တယ်။

ပူနွေးတဲ့နေ့လည်ခင်းနေရောင်ခြည်ကကျဆင်းလာခဲ့ပြီးကျားသစ်ငယ်လေးရဲ့ဖြူနက်ရောင်အမွေးများအားရောင်ပြန်ဟပ်လို့နေသည်။ ၎င်းကလိမ္မော်ရောင်ဖြင့်ဆေးဆိုးထားသကဲ့သို့ဖြစ်နေပြီးအထူးနွေးထွေးပုံလည်းပေါ်သည်။

လှေကားပေါ်ရှိအိမ်ထိန်းကအိပ်ပျော်နေတဲ့ကျားသစ်လေးဘေးရှိအသစ်ထွင်းထုထားသည့် 'ဥယျာဉ် အဆင်တန်ဆာ' အားစိုက်ကြည့်လို့နေခဲ့သည်။ သူတို့ရဲ့ယခင်နေ့များနှင့်နှိုင်းယှဉ်ပါကဒီအချိန်လေးကရိုးရိုးရှင်းရှင်းတိတ်ဆိတ်လို့နေပါသည်။ ဟုတ်ပါတယ်၊ သူ့ရဲ့ပုံစံတူကိုယ်ထည်မှာတစ်ယောက်ယောက်တော့မရှိပါဘူး၊ အဲ့ဒီ့မအေဘေး intelligence ပေါက်စနဲ့ရောရောထွေးထွေးမနေရတာပိုကောင်းတယ်!

လွန်ခဲ့သည့်နှစ်ရက်ကပဲ intelligence ပေါက်စရဲ့‌ဒေတာတွေကဝင်လာပြီးအမှိုက်သရိုက်တွေရှင်းသွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ intelligence ပေါက်စကသူ့ဒေတာကွင်းဆက်တွေကိုကြည့်ပီ့းသူကသူ့ရဲ့(Ba Ba's)ဒေတာကွင်းဆက်တွေနဲ့ချိတ်ဆက်ချင်ကြောင်းပြောခဲ့တယ်။ သတင်းအချက်အလက်ကိုဘယ်ကလာနှိုက်ချင်နေရတာလဲ?

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now