Chapter - 13 [Uni]

6.7K 1.2K 57
                                    

- လွယ်ကူမနေဘူး။

သယံဇာတဂြိုဟ်နဲ့ဂြိုဟ်ငယ်လေးအစွန်ကိုသွားပြီးနောက် Aojia ရဲ့ယာဉ်ပျံကနောက်ဆုံးမှာတော့မူလလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိခဲ့ပြီးအင်ပါယာမြို့တော်ကိုဦးတည်ခဲ့တယ်။

လမ်းခရီးမှာ Rong Mingshi ရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာကဘာသာစကားအခက်အခဲပဲဖြစ်တယ်။ Aojia ကသင်ကြားရေးအစီအစဉ်တွေချနေတဲ့အချိန်မှာကျားသစ်လေးက အတောင်လေးခုပါတဲ့ဗိုက်နီငှက်ရဲ့ဥနဲ့ထိုငှက်ဥအရသာနဲ့တူတဲ့အာဟာရထုပ်တစ်ထုပ်ကိုစားနေခဲ့တာဖြစ်တယ်။

“ အင်ပါယာမြို့တော်ကပန်းပုသင်တန်းကျောင်း မှာကိုယ်မင်းအတွက်ခွဲတမ်းတစ်ခုရခဲ့တယ်။ မင်းကဝင်ခွင့်စာမေးပွဲကနေကင်းလွတ်ခွင့်ရပြီးသင်တန်းသားပန်းပုဆရာအတန်းကိုတိုက်ရိုက်တက်လို့ရတယ်။ ”

အင်ပါယာမြို့တော်ရဲ့ပန်းပုသင်တန်းကျောင်းမှာ အလုပ်သင်အတန်း၊ သင်တန်းသားပန်းပုဆရာအတန်း၊ အငယ်တန်းပန်းပုဆရာအတန်း၊ အလယ်တန်းပန်းပုဆရာအတန်း၊ နဲ့ အဆင့်မြင့်ပန်းပုဆရာအတန်းဆိုပြီး ငါးတန်းခွဲခြားထားတယ်။ ထိုအတန်းငါးတန်းအောင်မြင်စွာပြီးစီးပါကပန်းပုဆရာရဲ့အရည်အချင်းများကိုရရှိနိုင်မှာဖြစ်တယ်။

Aojia ရဲ့အမြင်တွင်သူ့ရှေ့ကကျားသစ်လေးကအဆင့်မြင့်ပန်းပုဆရာအတန်းသို့၀င်ရန်လုံလောက်လေတယ်။ သို့သော်လည်းကျားသစ်လေးကဝင်ခွင့်စာမေးပွဲကိုမဖြေလိုက်ရတာမို့ Aojia ကစာမေးပွဲကင်းလွတ်ခွင့်ရရှိရန်နှင့်ကျားသစ်လေးအားသင်တန်းသားအတန်းသို့ခုန်ကူးရန် ကြယ်တာရာသံယံဇာတအဖွဲ့ရဲ့အခွင့်အာဏာကိုသုံးခဲ့ရတာဖြစ်တယ်။

ကျားသစ်လေးကငှက်ဥကိုစားနေရင်းနဲ့မှအသံလေးထွက်လာပြီး သူ့အမွှေးပွလက်လေးနဲ့ Aojia ရဲ့လက်မောင်းကိုပုတ်ကာကျေးဇူးတင်ကြောင်းဖော်ပြလိုက်တယ်။ ထို့နောက်မှာတော့နဂါးနက်ကြီးပြောတာသူကြားလိုက်ရတယ်။ "ကိုယ်တို့အခုပထမဆုံးလုပ်ရမှာကမင်းကိုစကားပြောတတ်အောင်သင်ပေးဖို့ဘဲ။ "

အာဟာရအစာတွေကိုစားနေတဲ့ဂုဏ်ယူနေသောကျားသစ်လေးကခေါင်းကိုမော့ကြည့်လိုက်တယ်။ "?"

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now