Chapter - 41 [Uni]

4.9K 1.1K 80
                                    

- ဝယ်သူစိတ်ကြိုက်လေလံ

ကျားသစ်လေးရေချိုးခန်ကထွက်လာပြီးသိပ်မကြာခင်ပဲသူပြန်ဝင်သွားခဲ့ရတယ်။ အခြားအကြောင်းအရာတော့မရှိပါဘူး။ သူအရမ်းပျော်သွားတာကြောင့်သူ့ရဲ့ကြည်လင်တဲ့ကျောက်တုံးကိုပစ်ချလိုက်မိလို့ပါ ...

Rong Mingshi ကထိုကျောက်တုံးကို Aojia ရဲ့အဝတ်ပုံအောက်မှထုတ်ယူလိုက်ပြီးစွမ်းအင်ကျောက်ပေါ်ရှိဓားအမှတ်အသားကိုစူးစိုက်ကြည့်လိုက်တယ်။ ကောင်းမွန်တဲ့ရုပ်ထုဆိုတာထွင်းထုလှီးဖြတ်သူရဲ့ထောင်နှင့်ချီဖြတ်ထုတ်မှုပေါ်လစ်တင်မှုတို့အားခံရလေတယ်။ နှင်းကျားသစ်လေးရဲ့အတွေးထဲတွင်တော့ဒါကအဝေးကြီးလိုနေဆဲပါပေ။ ကျားသစ်ငယ်လေးကစိတ်ဓာတ်ခိုင်မာတာကြောင့်သူလုံးဝကိုစိတ်ပျက်တယ်လို့မခံစားခဲ့ရပေ။ အနည်းဆုံးတော့ဒီနည်းလမ်းကမှန်တယ်ဆိုတာသူသိခဲ့ရပါတယ်လေ။

Rong Mingshi ကသူ့လက်လေးတွေနဲ့ယူလိုက်ပြီး Aojia ရဲ့အဝတ်ပုံထဲထိုးထည့်လိုက်တယ်။ ထို့နောက်သူကခေါင်းကိုငုံ့ကာအဝတ်အစားများကိုသူ့ပါးစပ်လေးနဲ့ကိုက်ပြီးအကုန်တရွတ်တိုက်လေးဆွဲလာခဲ့လေတယ်။ ကျားသစ်လေးကလမ်းတစ်လျှောက်၌တွေးတောနေခဲ့တယ်။

သေချာတာပေါ့၊ အဆင့်မြင့်စွမ်းအင်ကျောက်တုံးကသူ့စိတ်စွမ်းအင်အတွက်ပိုတောင်အထောက်အကူဖြစ်ခဲ့ပါတယ်။ အဲ့ဒါအဲ့လိုမျိုးပါပဲ...အဆင့်မြင့်စွမ်းအင်ကျောက်တုံးကအလွန်စျေးကြီးပြီးကြယ်ဒင်္ဂါးသန်းပေါင်းဆယ်ဂဏန်းလောက်ကုန်ကျလေတယ်။ ဆင်းရဲသူလေးဖြစ်တဲ့ကိုကျားသစ်ပေါက်ကတော့မတတ်နိုင်ခဲ့ပေ၊ သူစုဆောင်းထားသည်ကသိန်းသောင်းဂဏန်းရာဂဏန်းလောက်သာပင်...

Aojia ရဲ့အ၀တ်များကိုပြန်ထားပြီးနောက် Rong Mingshi တစ်ယောက်မြေပြင်ပေါ်ထိုင်ချလိုက်ပြီးသူ့ရဲ့အွန်လိုင်းစတိုးကိုဖွင့်လှစ်ခဲ့တယ်။ မီးမြေခွေးနှင့် ပတ်သက်ပြီးသူ့လက်ရာကကောင်းမွန်နေသင့်တယ်။ Star Network ပေါ်ကတစ်ယောက်ယောက်ကများသူ့ကိုအဆင့်မြင့်စွမ်းအင်ကျောက်တုံးထွင်းထုခိုင်းဖို့ဆန္ဒရှိမရှိကိုကြည့်ဖို့အစီအစဉ်ချလိုက်တယ်။

ရလဒ်အနေနှင့် Rong Mingshi ကပထမစိတ်ကြိုက်အော်ဒါနှစ်ခုမပြီးမီ Star Network ပေါ်ကရောင်းသူရဲ့နောက်ကွယ်စင်ကိုဖွင့်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပင်စစ်တပ်သတင်းပြန်ကြားရေးဌာနမှတာဝန်ပေးအပ်ခံရတဲ့လက်ရွေးစင်သုံးဦးသည်ချက်ချင်းပင်သတိကပ်သွားကြတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now