Chapter - 54.2 [Uni]

4K 892 8
                                    

- ပြိုင်ဘက်

သူအသားမစားရတာအတော်လေးကိုကြာနေခဲ့ပြီ။ ကျားသစ်ငယ်လေးကအလျင်စလိုမြိုချလိုက်ပြီးအသံသေးသေးလေးဖြင့်သူ့သွားလေးတွေကိုစိကာပြောလိုက်တယ်။ "အရသာရှိလိုက်တာ~"

Aojia ကသူ့ရဲ့ထူတုတ်တုတ်ခြေလက်လေးများကိုဆုပ်ကိုင်လိုက်ပြီးအရသာရှိတဲ့အမဲသားကြော်ကိုပန်းကန်ပြားပေါ်တွင်တင်လိုက်သည်။ သူတို့စားပွဲဆီသို့ပြန်သွားလိုက်ကြကာ Rong Mingshi ကသူ့ခေါင်းလေးအားမဖော်တမ်းစားတော့သည်။ အာဟာရပြည့်ဝဓာတ်စာအစားအစာတွေရဲ့အရသာကတကယ့်အသားအရသာနဲ့ယှဉ်လို့ကိုမရနိုင်ဘူး!

လုံလောက်စွာစားသောက်ပြီးတဲ့နောက် Aojia ကကျားသစ်လေးကိုပွေ့ချီကာဗိုက်လေးအားပွတ်သပ်ပေးလိုက်သည်။ ကျားသစ်ငယ်လေးသည်စွမ်းအင်ကြွယ်ဝတဲ့ချောက်နက်အမဲသားကိုစားပြီးစိတ်အခြေအနေကောင်းနေခဲ့သည်။ သူကသူ့ဗိုက်လေးကိုကိုင်ရင်းဆင်ကလေးရဲ့သားရဲပုံသဏ္ဍာန်ကိုလေ့လာနေခဲ့သည်။

တစ်ချိန်တည်းမှာပင်ပြန်ကြားရေးဌာနသည် Rong Mingshi ပေးပို့ခဲ့တဲ့ရုပ်ထွင်းကိုလက်ခံရရှိပြီးနောက်တစ်ကြိမ်ဝက်ဝက်ကွဲကွဲသွားခဲ့သည်။

"အရမ်းလှတာပဲ!  ငါငိုမိတော့မယ်!"

"ဆိုင်ပိုင်ရှင်ရဲ့တိုးတက်လာတဲ့စွမ်းရည်ကသာမန်မျက်စိနဲ့တောင်မြင်နိုင်တယ်ကွ!"

"အနာဂတ်မှာတော့အမှာစာတွေဖမ်းဖို့အပြေးအလွှားလာကြမဲ့လူတွေပိုများလာမယ်လို့တွေးရင်းနဲ့ငါ့နှလုံးသားလေးကြေကွဲကုန်ပြီကွာ "

“ဆိုင်ရှင်ကမက်ဆေ့ခ်ျပို့တယ် ဝယ်သူဖလှယ်ဧရိယာမှာပြသလို့မရဘူးတဲ့။ အဲ့ဒါကြောင့်ဆိုင်ပိုင်ရှင်ရဲ့အရည်အချင်းတွေတိုးတက်လာတာကိုဘယ်သူမှသိမှာမဟုတ်ဘူးကွ။”

“ကောင်းပြီ၊ စတိုးဆိုင်ပိုင်ရှင်ကအဆင့်မြင့် စွမ်းအင်ကျောက်တုံး ၁၀ တုံးကိုအမှာစာကောက်ယူလိုက်တယ်။ ဒါကအဆင့်မြင့်စွမ်းအင်ကျောက်များကိုသာဝယ်ယူတဲ့သူများကိုပဲဆွဲဆောင်နိုင်မှာပေါ့! ”

ဤထွင်းထုမှုကြောင့်ရှော့ခ်ရနေပြီဖြစ်သောဒုဗိုလ်မှူးသည်ထိုစကားကိုကြားတဲ့အခါပိုပြီးတောင်ခေါင်းမွှေးပြောင်သွားခဲ့တယ်...

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now