Chapter - 63 [Uni]

3.9K 788 9
                                    

– ကျားသစ်လေးအား ဝိုင်ဖြင့်ပြုစုပျိုးထောင်ခြင်း

ကျားသစ်ရဲ့ဦးခေါင်းကိုထိလိုက်သည့် Aojia ရဲ့လုပ်ဆောင်ချက်က အလွန်နူးညံ့သော်လည်း အိပ်နေသောကျားသစ်လေးက ရုတ်တရက်နိုးလာခဲ့သည်။ သူက ရှုပ်ထွေးနေတဲ့ သူ့ကျားသစ်မျက်လုံးလေးများကို ဖွင့်လိုက်ပြီး သူ့ရဲ့ အနက်ရောင်နဂါးကြီးကိုပင် အာရုံမစိုက်နိုင်ခဲ့ပေ။

ထို့နောက် ကျားသစ်လေးက ပါးစပ်ကို ပွင့်စေလိုက်ပြီး တောက်ပတဲ့ အပြုံးလေးကို ပြသလိုက်သည်။ သူက သူ့ရဲ့ထူကစ်ကစ်လက်လေးတွေနဲ့ ဆုပ်ကိုင်ထားတဲ့ နှင်းကျားသစ်အမြီးကို လွှတ်လိုက်ပြီး နှင်းကျားသစ်ကြီးရဲ့လည်ပင်းကိုပွတ်သပ်လိုက်သည်။ ပြီးတော့မှပဲ နှင်းကျားသစ်လေးက နှင်းကျားသစ်ကြီးရဲ့ရင်ခွင်ထဲမှ Aojia ရဲ့ရင်ခွင်ထဲသို့ ခုန်ကူးသွားခဲ့ပါတယ်။ Aojia  ရဲ့တစ်ကိုယ်လုံးဝိုင်အမွှေးရနံ့များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

စားပွဲပေါ်ရှိ ဝိုင်ပုလင်းအခွံမှာ ကျားသစ်လေးလက်ချက်မှန်း Aojia သိလိုက်ပါပြီ။ အရမ်းကောင်းတယ်… သူဒီလူအိုကြီးတစ်သိုက်ကိုအမှတ်ရပေးနေမှာပါ!

ကျားသစ်ငယ်လေးက ဆရာကြီး Uka ရဲ့ဝိုင်ကို အနံ့ခံမိပြီး နောက်ဆုံး ဖြစ်ပျက်ခဲ့တာကို သူ သတိရမိသွားတယ်။ Aojia က ကျားသစ်ငယ်လေးအား လက်တစ်ဖက်ဖြင့် ကိုင်ကာ နောက်လက်တစ်ဖက်ဖင့် ယာဉ်ပျံပေါ်ရှိ ဆရာဝန်ကို အမြန်ဆက်သွယ်ရန် သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။

Aojia က ကျားသစ်ငယ်လေး စွမ်းအင်ဝိုင်တစ်ပုလင်းလုံး မျိုချပစ်ခဲ့သည်ဟု Aojia ပြောလိုက်တဲ့အခါတွင် ဆရာဝန်၏ ပါးစပ်မှာတွန့်ရွဲ့သွားပြီး ဆေးကိရိယာ ထုတ်ပိုးနေရင်းပြောလိုက်သည်။ “ ဗိုလ်ချုပ်ကြီး ဒီစွမ်းအင်ဝိုင်က သူ့အတွက် ကြီးမားတဲ့ ဆေးအာနိသင် အကျိုးကောင်းပေးသော်လည်း မသုံးတတ်ပါက သေစေလိမ့်မယ်။ အိပ်ပျော်မသွားခင် သူ့ကို ဒီစွမ်းအား‌တွေကို သုံးစွဲခိုင်းစေရမယ်။ စိတ်မပူပါနဲ့ ကျွန်တော်မကြာခင်ပဲ ရောက်လာတော့မှာပါ!"

Aojia က အိမ်ကြီးတစ်ခုလုံးတွင် ပြန့်ကျဲနေတဲ့ နဂါးပုံသဏ္ဍာန်မျိုးစုံ၊ မြေပြင်ပေါ်က ကျောက်ထွင်းပုံသဏ္ဍာန်ရှိ သားရဲ ၁၈ ကောင်နှင့် နှင်းကျားသစ်မိခင်ကြီးတို့ကိုပါ မြင်တွေ့လိုက်ရသည်...

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now