Chapter - 60 [Uni]

4.1K 832 8
                                    

- သန့်ရှင်းမှုကိုရွေးချယ်ပါ။

Aojia ကမြို့စား Oran ရဲ့မဲမှောင်နေတဲ့မျက်နှာကို စိတ်မဝင်စားဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်မှာ အနည်းငယ်ကွေးသွားခဲ့သည်။  "မစ္စ Bowei ကိုလာခေါ်ဖို့ ငါတို့ဒီကိုလာခဲ့ကြတာ။"

"ဗိုလ်ချုပ်ကြီးက ဒီလိုစီစဉ်ချထားတယ်ဆိုရင်လည်း မင်းဒီအကြောင်းကိုလည်း စဉ်းစားထားသင့်ပါတယ်။ Bowei သေသွားတာအနှစ် 20 လောက် ရှိပြီဆိုပေမယ့် သူက ငါ့မိန်းမဖြစ်နေတုန်းပဲ။ သူ့ရုပ်အလောင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီး အပြင်လူတွေ ဝင်စွက်ဖက်လို့မရဘူး!" မြို့စား Oran ရဲ့အသံမှာအေးစက်‌နေခဲ့သည်။

Aojia ကကျားသစ်ငယ်လေးရဲ့ တင်းတင်းဆုပ်ထားသည့်လက်သီးဆုပ်လေးအား အသာအုပ်ကိုင်လိုက်တယ်။ ” မြို့စား Oran၊ ဒီနေ့လာတာ မင်းနဲ့ ဆွေးနွေးဖို့ မဟုတ်ဘူး။ ငါတို့ ဆုံးဖြတ်ချက်ချပြီးသား။ နောက်ပြီး မင်းအလွဲသုံးစားလုပ်ထားတဲ့ မစ္စ Bowei ရဲ့ အမွေတွေကိုလည်း လွှတ်ချလိုက်ပါ။"

Aojia နောက်တစ်ခုကိုပြောသည့်အခိုက်တွင် မြို့စား Oran ရဲ့ရှေ့ကမျက်နှာပြင်ပေါ်တွင် နောက်ထပ်ဖိုင်တစ်ခုကို ပြသခဲ့သည်။ ၎င်းမှာ အိမ်ထိန်းရဲ့ ဒေတာဘေ့စ်က အနက်ရှိုင်းဆုံးနေရာမှ Ruhr ထုတ်ယူခဲ့တဲ့ ဖိုင်ပဲဖြစ်တယ်။

ဤစာတမ်းမှာ မကွယ်လွန်မီက မစ္စ Bowei ကိုယ်တိုင်လက်မှတ် ရေးထိုးလို့ထားတာပဲဖြစ်သည်။ ထွင်းထုလုပ်ငန်းမှာ မစ္စ Bowei အိမ်ထောင်မကျမီက ပိုင်ဆိုင်ခဲ့သည့် လုပ်ငန်းပဲဖြစ်သည်။ မစ္စ Bowei ကွယ်လွန်ပြီးနောက် ဤအရာအားလုံးကို သူမရဲ့သားဖြစ်သူက အမွေဆက်ခံမည်ဖြစ်ပြီး ဒါကို မျိုးရိုးဗီဇကုဒ်ဖြင့် အတည်ပြုရမှာပဲဖြစ်သည်။

မြို့စား Oran ကတုန်လှုပ်နေတဲ့ မျက်လုံးများဖြင့် မျက်နှာချင်းဆိုင်ကမျက်နှာပြင်အား ငေးကြည့်နေခဲ့သည်။ သူ့မျက်နှာမှာမဲမှောင်လို့နေလေတယ်။ ဒီလိုဆန္ဒမျိုးရှိခဲ့တယ်ဆိုတာသူလုံးဝကိုမသိခဲ့ဘူး! စောစောသာ သိခဲ့ရင် ဒီကလေးကို သူကိုယ်တိုင် ဂြိုဟ်အစွန်းအဖျားကနေ သေသွားအောင်ပစ်ချခဲ့မှာ!

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now