Chapter 62 [Uni]

4K 813 8
                                    

Rong Mingshi ထိုစာများကိုကြည့်ပြီး သူ့လက်လေးတွေ လေထဲ၌တန့်‌လို့နေခဲ့သည်။ သူဘယ်လိုတုံ့ပြန်ရမှန်းမသိပေ။ သူ့ဝယ်သူတွေက သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကို သူ့ထက်ကိုပိုပြီးဘာလို့စိတ်ဝင်စားနေကြတာလဲ? ရွှေစပါးအုံးဆိုတဲ့တစ်ယောက်က စားပွဲကို တကယ်ကြီးမှောက်ပစ်လိုက်တယ် ... အရမ်းကိုဒေါသထွက်နေကြတာလား?

စတိုးဆိုင်ပိုင်ရှင်က အခွင့်အရေးကို အမိအရမဆုပ်ကိုင်မိခြင်းဟုဆိုကာ ငိုကြွေးနေကြသည့် ဝယ်သူအများအပြားကို မြင်တွေ့ပြီးနောက် Rong Mingshi ကပိုင်ရှင်ဂဲ့ ကြေညာချက်ဧရိယာကို ဖွင့်ကာ မူရင်းကြေညာချက်ကို ပယ်ဖျက်လိုက်ပြီး အသစ်တစ်ခုကို ပြန်လည်ထည့်သွင်းခဲ့သည်။

“ချစ်လှစွာသော ဝယ်သူများ၊ စတိုးဆိုင်ပိုင်ရှင်သည် ယနေ့တွင် အလုပ်သင်အသစ် ၁၈ ဦး လက်ခံရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စတိုးဆိုင်ပိုင်ရှင်က အခမဲ့အဆင့်နိမ့်စွမ်းအင်ကျောက်တုံးအမှာစာကို ကံကောင်းသောဝယ်ယူသူ ၁၈ ဦးကို ရွေးချယ်ရန် အဆင်သင့်ဖြစ်နေပါပြီ။ မင်းကံကောင်းပါစေလို့ ဆုတောင်းပါတယ်! "

ကြေငြာချက်ပြီးသွားကာ စတိုးဆိုင်၏ Lucky Draw အစီအစဉ်ကို ဖွင့်လှစ်ခဲ့သည်။ အွန်လိုင်းစတိုးတွင် ကြေငြာချက်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝယ်ယူသူများ အားလုံးမှာ စတိုးဆိုင်ပိုင်ရှင်အား စတိုးဆိုင်ထပ်ဖွင့်ရန် တွန်းအားပေးနေကြသည်ကိုမေ့သွားကြတော့သည်။ စတိုးဆိုင်ပိုင်ရှင်က အလုပ်သင် 18 ယောက်ကို ဘယ်လိုလက်ခံထားလဲဆိုတာကိုလည်း သူတို့က ဂရုမစိုက်ကြပေ။ အားလုံးက ကံစမ်းမဲ ​​နေရာကိုသာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလွှားသွားခဲ့ကြသည်။

ကျားသစ်လေးရဲ့စတိုးဆိုင်၏ လက်ရှိသွားလာမှုမှာ ယေဘုယျအားဖြင့် ကြီးကြီးမားမားမဟုတ်ပေ။ ကံစမ်းမဲအား ချက်ချင်းနီးပါးစတင်ခဲ့ပြီး နောက်ဆုံးရလဒ်မှာတော့ ချက်ချင်းကိုထွက်ပေါ်လာခဲ့သည်။

-ဟေး! ဆရာကြီးစတိုးဆိုင်ပိုင်ရှင်နောက်ကို လိုက်တာ မှန်သွားခဲ့ပြီ။ နောက်ဆုံးတော့ ငါ့ရွှေစပါးအုံးကို ရပြီ။ အရေးအကြီးဆုံးကတော့၊ နောက်ဆုံးမှာ ငါစတိုးဆိုင်ပိုင်ရှင်နဲ့ ဆက်သွယ်လို့ရပြီကွ!

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now