Chapter - 8 [Uni]

6.9K 1.3K 11
                                    

- ပင်မစွမ်းအင်ကျောက်သတ္ထုတွင်းကိုသွားမယ်

AUT-3 ဂြိုဟ်ငယ်ကအကြွယ်ဝဆုံးဂြိုဟ်ဖြစ်ပြီး အင်ပါယာနဲ့အတော်ဝေးကာလူသိလည်းမများပေ။ ၎င်းကကြယ်မြေပုံမှာပုံမှန်မဟုတ်တဲ့နံပါတ်တွေနဲ့ဂြိုဟ်ငယ်လေးသာဖြစ်တယ်။ ထိုသေးငယ်သောဂြိုဟ်‌လေးက အင်ပါယာရဲ့အကြီးဆုံးစွမ်းအင်ကျောက်သွေးကြောဖြစ်ပြီး ဘယ်အဆင့်မြင့်အစိုင်အခဲအရောင်စွမ်းအင်ကျောက်ကိုမဆိုထုတ်လုပ်နိုင်တယ်။
[T/N - Daddy ကြီးကဘောစိကြီးပါ >.<]

ထိုစွမ်းအင်ကျောက်တွေအားလုံးကို ကြယ်တာရာသယံဇာတအဖွဲ့ မှတဆင့်လည်ပတ်နေတာဖြစ်တယ်။ အကြိမ်ကြိမ်ပြောင်းလဲပြင်ဆင်ပြီးနောက်မှာတော့ စွမ်းအင်ကျောက်တုံးတွေရဲ့ မူလအရင်းအမြစ်ကိုသေချာဖုံးထားနိုင်ခဲ့တယ်။ ဒီလူသိနည်းတဲ့ဂြိုဟ်ငယ်လေးက အင်ပါယာကစျေးအကြီးဆုံးသယံဇာတတွေရှိပြီး အင်ပါယာတစ်ခုလုံးရဲ့ အဆင့်နိမ့်စွမ်းအင်ကျောက် ထက်ဝက်နီးပါးကိုထောက်ပံ့ခဲ့တယ်။

Aojia ရဲ့ယာဉ်ပျံ‌က ကာကွယ်ရေးစနစ်ကို ဖြတ်ပြီး အရင်းအမြစ်သတ္တုတူးဖော်ရေးဧရိယာကပြေးလမ်းပေါ်တွင်တိုက်ရိုက်ဆိုက်ကပ်လိုက်တယ်။ Calant ကသူတို့ဗိုလ်ချုပ်ကြီးရဲ့ တံခါးကိုခေါက်လိုက်တယ်။ ပေါ့ပေါ့ပါပါးအနက်ရောင် အကျီကိုပြောင်းလဲဝတ်ဆင်ထားတဲ့ Aojia ကအဖြူရောင်အမွှေးနှလေးပေါ်မှာအမဲကွက်လေးတွေပါရှိတဲ့ ကျားသစ်ပေါက်လေးကိုချီပြီးထွက်လာခဲ့တယ်။

သူတို့ဗိုလ်ချုပ်ကြီးရဲ့ရင်ခွင်ထဲမှာ ဝင်ကွေးနေတဲ့ကျားသစ်ပေါက်လေးကတော့ အခုထက်ပင်မနိုးသေးပါ။ ခြေထောက်ဖောင်းဖောင်လေးတွေကကမျက်နှာပေါ်ရောက်နေပြီး နားရွက်လုံးလုံးလေးနဲ့နူးညံ့တဲ့ကျားသစ်ပေါက်လေးက သူတို့ဗိုလ်ချုပ်ကြီးရဲ့အနက်ရောင်အကျီနဲ့ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ထူးဆန်းစွာနဲ့ဘဲလိုက်ဖက်နေခဲ့တယ်။အဲ့ဒါက သူတို့ရဲ့ဗိုလ်ချုပ်ကြီးပိုပြီးတော့တောင်နူးညံ့နေပုံပေါ်စေတယ်။

Calant ရဲ့ခေါင်းထဲမှာရှင်းပြလို့မရတဲ့ အတွေးတစ်ခုဖြစ်ပေါ်လာတယ်။ နောင်မှာ သူတို့ဗိုလ်ချုပ်ကြီးမှာကလေးတစ်ယောက်ရှိလာခဲ့မယ်ဆိုရင် ဒီလိုမြင်ကွင်းမျိုး ဖြစ်နိုင်လောက်တယ်။ သူကခံညားထည်ဝါပြီးချစ်မြတ်နိုးတတ်တဲ့ဖခင်တစ်ယောက်ဖြစ်လာနိုင်လောက်တယ်။  သူကသူ့ကလေးကိုချီထားတဲ့အသွင်အပြင်က စိတ်ကူးနဲ့တင်အလွန်ကိုနူးညံ့နွေးထွေးပေးမယ့်ပုံပေါ်တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now