Chapter - 14 [Uni]

6.2K 1.2K 14
                                    

- ဒီချော့မော့မှုကဘာကြီးလဲ?

အနက်ရောင်နဂါးကြီးကစိတ်ရှည်သူတစ်ဦးဆိုတာမှတ်သားစရာဘဲ။ မရေမတွက်နိုင်အောင်ထပ်တလဲလဲပြောပြီးနောက် Rong Mingshi ကသူသည် 'စွမ်းအင်ကျောက်တုံး' နှင့် 'ပန်းပုဆရာ' ဟူသောစကားလုံးများကိုနားမလည်နိုင်ကြောင်းခံစားမိလိုက်တယ်။ သူ့ခေါင်းထဲမှာသူ့အသံတွေနဲ့ဘဲပြည့်လို့နေတယ်…ဒါကကပ်ဆိုက်နေတာဘဲ!

သူ၏အတိတ်ဘ၀မှာ Rong Mingshi ကသူ့ဦးနှောက်ပြဿနာများကြောင့်ဦးနှောက်ကိုထိခိုက်စေသောအရာများကိုမထိခဲ့ပေ။ သို့သော်လည်းသူ့အဖိုး‌ပြောတဲ့မိသားစုလုပ်ငန်းကိစ္စအချို့ကိုတစ်ခါတစ်ရံနားထောင်ပြီးနားလည်နိုင်တယ်။ သူကတစ်ခုသို့မဟုတ်နှစ်ခုအကြံပြုချက်များပင်ပြုလုပ်ခဲ့တာဖြစ်တယ်။ ထိုအချိန်မှာ သူ့အဘိုးကခေါင်းမကိုက်ရင်သူ့မြေးကတစ်ခုခုကိုသေချာပေါက်အောင်မြင်မှုရနိုင်တယ်ဆိုပြီးအမြဲသက်ပြင်းချခဲ့တယ်။ ဒါ့ကြောင့် Rong Mingshi ကသူ့ရဲ့နားလည်မှုနှင့်ပတ်သက်၍ အနည်းငယ်ယုံကြည်မှုရှိနေသေးတာဖြစ်တယ်။

ဒါဆိုဘာလို့စကားပြောဖို့ခက်နေရတာတာလဲ?

သို့သော်လည်းကျားသစ်လေးကလွယ်လွယ်အရှုံးမပေးခဲ့ပါဘူး။ ဒါဟာနည်းနည်းခက်ခဲပေမဲ့ Aojia နဲ့သူ့ရဲ့သင်ယူမှုသဘောထားကအရမ်းအပြုသဘောဆောင်တယ်။ သူကစကားလုံးများကိုဂရုတစိုက်ထပ်ခါတလဲလဲပြောနေစဉ်သူ့လျှာနှင့်အသံကြိုးများကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။

အကြိမ်ထောင်ပေါင်းများစွာပြုလုပ်ပြီးနောက် Aojia ကပရမ်းပတာအခြေအနေဖြစ်နေတဲ့ကျားသစ်လေးရဲ့ ဦးခေါင်းကိုပွတ်လိုက်တယ်။ "မင်းစကားပြောတာအရမ်းကောင်းတယ်၊မင်းတိုးတက်မှုတော်တော်ရနေပြီဘဲ"

“…?!”

Rong Mingshi ရဲ့နားလုံးလုံးလေးကအနည်းငယ်လှုပ်ခတ်သွားပြီး Aojia အားမျက်လုံးလေးပြူးကာကြည့်လိုက်တယ်။

..... ဒီချော့မော့မှုကဘာကြီးလဲ? သူကအစအဆုံးအသံတစ်ခုတည်းကိုသာပြုလုပ်ခဲ့တာဖြစ်ပြီး Aojia ထွက်ပြတဲ့အသံနဲ့တစ်ခြားစီဖြစ်လို့နေခဲ့တာဖြစ်တယ်။ တိုးတက်မှုကဘယ်မှာလဲ? Aojia ကသံသယမျက်လုံးတွေနဲ့သူ့ကိုလေးလေးနက်နက်ကြည့်‌နေတဲ့ကျားသစ်လေးကိုတွေတော့ သူကကျားသစ်လေးပါးစပ်ထောင့်လေးကိုလက်နဲ့ထိလိုက်ပြီးခေါင်းလေးကိုပွတ်သပ်လိုက်တယ်။ "ဒါမှမဟုတ်ရင်ကိုယ်မင်းကိုသင်ဖို့သားရဲပုံစံပြောင်းလိုက်ရမလား?"

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now