Chapter - 68 [Uni+Zawgyi]

3.7K 690 11
                                    

– ဒီမှာရွှေအသိုက်ရှိတယ်။

ည၌ အိပ်ပျော်သွားသည်နှင့် Rong Mingshi တစ်ယောက်အိပ်မက်မက်တော့သည်။ အိပ်မက်ထဲတွင်သူက စမတ်သော့ကို သူ့လက်ဖဝါးဝကစ်လေးကိုသုံးကာ ဖွင့်လိုက်တဲ့အခါ သူ့ဘေးနားရှိ နဂါးနက်ကြီး၏ မျက်နှာမှာ စိတ်ဖတ်မရသည့်ဟန်ဖြစ်လို့နေခဲ့သည်။ အိပ်မက်မက်ကနိုးလာတဲ့ ကျားသစ်လေးဟာ သက်ပြင်းလေးချလိုက်သည်။ သူ့ရဲ့နဂါးနက်က ရွှေကြိုက်လား မကြိုက်တာလား? သူ့ပိုက်ဆံတွေအကုန်ကို သုံးလိုက်ရတာက အရေးမကြီးပေမယ့် နဂါးနက်ကြီးမကြိုက်တဲ့အရာကိုဝယ်ရင်း ကုန်သွားတာဆိုရင်တော့ သူ့အတွက် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်သွားလိမ့်မှာပါ။

ကျားသစ်ငယ်လေးဟာ အိပ်မက်ကြောင့် လုံးဝကိုနေမထိထိုင်မသာဖြစ်လို့နေသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ရှေ့မှလူကို စိုက်ကြည့်ရင်း Aojia ၏ပခုံးကို လက်လေးနဲ့တို့ထိလိုက်သည်။ သူက လေးနက်တဲ့လေသံလေးနဲ့မေးလိုက်ပါတယ်။ "Aoji၊ ကျွန်တော် ခင်ဗျားကိုတစ်ခုမေးချင်တယ်၊ ခင်ဗျားအမှန်အတိုင်းပြောရမယ်နော်။ ကျွန်တော်ဝယ်ထားတဲ့ ရွှေဒင်္ဂါးတွေကို ခင်ဗျားကြိုက်လား"

 
ကျားသစ်‌လေးရဲ့ လက်လေးကြောင့် ရုတ်တရက်နိုးလာခဲ့ရသော အနက်ရောင်နဂါးကြီး “…”

ကျားသစ်ငယ်လေးက သူ့အကျီတွေကိုပါ ဆွဲကာပြောလိုက်တယ်။ "ခင်ဗျားမကြိုက်ရင် ကျွန်တော်မနက်ဖြန်ပြန်ပေးလိုက်မယ် ဒါမှမဟုတ်လည်း ရောင်းဖို့နည်းလမ်းရှာလိုက်မယ်။ မနေ့တုန်းက နေလုံးလို ၀တ်စားလာတဲ့လူကတော့ သူတို့ကို သဘောကျလောက်မှာပါ။”

 
Aojia ကမျက်မှောင်ကျုတ်သွားပြီး သူ့ရင်ဘတ်ပေါ်က ကျားသစ်ငယ်လေးရဲ့ ကျားသစ်လက်ကလေးကို သူ့လက်ကြီးအုပ်မိုး ကိုင်လိုက်သည်။ “သူတို့ကို မရောင်းပါနဲ့။ က်ိုယ်သူတို့ကိုအရမ်းကြိုက်ပါတယ်။ ပြန်အိပ်တော့။"

"Aoji ခင်ဗျားရဲ့စကားတွေက အရမ်းကိုဝတ်ကျေတန်းကျေဆန်လွန်းနေတယ်..."

 
Aojia သူ့နားရွက်လေးကို လှန်လိုက်သည်။ "မင်းကိုယ့်ကိုပေးသမျှ အရာအားလုံးကို ကိုယ်သဘောကျတယ်ဆိုတာ မင်းသိပါတယ်"

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now