Chapter - 29.2 [Uni]

5.3K 1K 17
                                    

- Three-in-One

အိမ်ထိန်းကလျှာတောင်ခေါက်သွားခဲ့တယ်။ သူကလူသူကင်းမဲ့တဲ့ဂြိုဟ်တစ်ခုတွင်ကျားသစ်လေးကိုပုန်းအောင်းနေ စေရန်စိတ်ကူးရှိခဲ့တာဖြစ်တယ်။ ဒါကသူ့အချက်အလက်တွေခွဲခြမ်းစိတ်ဖြာတဲ့ဉာဏ်နည်းနေခဲ့လို့ဘဲဖြစ်ရမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့အသိဖွံ့ဖြိုးပြီးတဲ့နောက်ဒီလိုတက်ကြွတဲ့ကျားသစ်လေးကိုတစ်နေရာတည်းမှာနေခိုင်းစေတာနည်းနည်းပျင်းဖို့ကောင်းစေတယ်လို့သူခံစားလိုက်ရတယ်။

Aojia က ဆက်၍“ Rong Rong ရဲ့ပင်ကိုယ်စွမ်းရည်ကိုမင်းမြင်ဖူးမှရမယ်။ သူ့ရဲ့ကျွမ်းကျင်မှုကဆရာသခင်အဆင့်ပန်းပုဆရာထက်တောင်သာလွန်တယ်။ သူ့စွမ်းရည်ကထိပ်ဆုံးမှာတောင်ရပ်တည်နိုင်စွမ်းရှိတယ်။ သူ့ကိုမြေမှုန့်တွေထဲမှာဘဲထာဝရပုန်းနေစေချင်တာလား။ မင်းသူ့ကိုဆက်ပြီးအမေ့ခံအဖြစ်ဘဲနေသွားစေချင်တာလား။ ”

အိမ်ထိန်းကခဏလောက်တိတ်ဆိတ်သွားတယ်။ "မင်းဒီလိုပြောတာဟုတ်ပေမယ့်သူ့လုံခြုံရေးကိုဘယ်လိုလုပ်မလဲ? "

Aojia ရဲ့နှုတ်ခမ်းများကအနည်းငယ်ကွေးညွှတ်သွားသော်လည်းသူ့မျက်လုံးများကမည်းမှောင်လို့နေခဲ့သည်။ “ ဒါကငါ့ကိစ္စပဲ။ မင်းကအိမ်ကိုသာကောင်းကောင်းစောင့်ရှောက်သင့်တယ်။ ”

“…”

အိမ်ထိန်းတစ်ယောက်ဒေါသတွေနဲ့ပြည့်နှက်သွားတော့တယ်။ Aojia ကဧည့်ခန်းထဲလျှောက်ဝင်သွားခဲ့ပြီးမှတစ်စုံတစ်ခုကိုသတိရသွားပုံပေါ်တယ်။ သူကအိမ်ထိန်းဘက်ကိုပြန်လှည့်လာပြီး“ ငါမင်းရဲ့ခန္ဓာကိုယ်ကိုရက်အနည်းငယ်အတွင်းငါပြောင်းရလိမ့်မယ်” လို့ပြောခဲ့တယ်။

“ …စိတ်မပူပါနဲ့”

အိမ်ထိန်းကတိတ်ဆိတ်စွာရှေ့သို့တိုးသွားခဲ့သည်။

" အဲ့ဒါကစစ်တပ်ကပြုလုပ်ထားတဲ့နောက်ဆုံးပေါ်သရုပ်တုစက်လေ။ "

"ငါသုံးလုံးလိုချင်တယ်!"

အိမ်ထိန်းကသူ့လေသံကိုချက်ချင်းပြောင်းလိုက်တယ်။

“ သုံးလုံးကတော့အရမ်းများတယ်။ ”

"ငါအပိုတစ်ခုတော့လိုအပ်တယ်!" အိမ်ထိန်းကအခိုင်အမာပြောလိုက်တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now