Chapter - 81 [Uni]

2.6K 506 2
                                    

Ch81 - ကြေးစားသမားများ၏တိုက်ခိုက်မှု

မင်္ဂလာပွဲရှိ ဧည့်သည်အများစုသည် စိတ်ရှုပ်ထွေးသွားကြကာ ဗိုလ်ချုပ်၏သားရဲဆီသို့ ရောက်ရှိသွားသည့်သူတို့၏ အကြည့်များသည် တဖြည်းဖြည်း အလွန်ပူလောင်လာခဲ့သည်။

တကယ့်ဆရာသခင် Shi တဲ့!

အင်ပါယာ၏အရာရှိများဖြစ်သည့် လက်ရှိသားရဲအများစုသည် သန်မာကြသည့်အတွက် စိတ်ရှိုင်းဝင်သည့်အန္တရာယ်ပိုများသည်။ အချို့က စိတ်ဖောက်မှုကြောင့် သားဖောက်ရာတွင် ပြဿနာရှိခဲ့သော နိုင်ငံခြားရေးဝန်ကြီး Hoss နှင့်တူသည်။  Star Network တွင် ဆရာသခင် Shi ပေါ်ပေါက်လာချိန်မှစ၍ သူတို့အားလုံးနီးပါးသည် အွန်လိုင်းစတိုးကို ကြည့်ရှုရန် သီးသန့်လူတစ်ဦးစီကို စေလွှတ်ပြီး စတိုးဆိုင်ပိုင်ရှင်က ၎င်းကို မှာယူမှုဖွင့်သည် စောင့်ဆိုင်းရန်ခိုင်းထားကြတာပဲဖြစ်သည်။

သို့သော်၊ စတိုးဆိုင်ပိုင်ရှင်သည် မကြာသေးမီကမှ ပျောက်သွားခဲ့ပြီး စတိုးဆိုင်တွင်လည်း လက်ရာအနည်းငယ်သာလုပ်ပေးခဲ့တာ... ယခုတော့ တစ်ခါမှမမြင်ခဲ့ဖူးသော ဆရာသခင် Shi သည် ရုတ်တရက်ကြီး သူတို့၏ရှေ့တွင်ရပ်နေကာ မာရှယ်၏လက်တွဲဖော်ဖြစ်လာခဲ့သည်။ ကြည့်ရှုသူအားလုံးသည် မျှော်လင့်ချက်အရုဏ်ဦးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ထိပ်တန်းဦးစားပေးမှာ ဗိုလ်ချုပ်ကြီး၏တရားဝင်လက်တွဲ‌ဖော်လေးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန်ဖို့ပဲ!

ထို့ကြောင့် ငွေမဟုတ်သည့် လက်ဆောင်အမျိုးအစားအားလုံးမှာ အိမ်ထိန်း Baba ထံတွင် စာရင်းသွင်းခံခဲ့ရပါသည်။ နောက်ဆုံးပေါ် ဆိုင်းထိန်းကား၊ နောက်ဆုံးပေါ် အပန်းဖြေယာဉ်၊ နောက်ဆုံးပေါ် 5D ဂိမ်းစတူဒီယို၊ လ 10 လုံးကို မြင်နိုင်သည့် အပန်းဖြေဗီလာ၊ အလှဆုံး စကြာဝဠာ နက်ဗျူလာရှိသည့် အားလပ်ရက် ဂြိုလ်တစ်ခုပင် ပါရှိသည်...

Ruhr သည် သူ၏ဗိုင်းရပ်စ်သားနောက်မှ နာခံမှုရှိရှိ လိုက်ကာလျှောက်ဝင်လာခဲ့ပြီး အိမ်ထိန်း Baba ၏ ပုံစံတူကိုယ်ထည်ထဲတွင် မိသားစုသုံးဦး စည်ကားနေပါသည်။ ဧကရာဇ်မင်း၏ အပြုအမူကို အင်ပါယာသို့ လွှတ်ချမည့်အချိန်ကို တွေးတောနေရင်းနဲ့မှ ကျားသစ်ငယ်၏ ကြီးမားလှသည့် ဂုဏ်ပုဒ်အတွက်လည်း သက်ပြင်းချမိကြသည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now