Chapter - 7 [Uni]

7.2K 1.3K 16
                                    

- မာစတာအဆင့်ကျွမ်းကျင်မှု

"Jiao " Rong Mingshi ကခေါင်းကိုခါလိုက်ပြီးအစမ်းသဘောဖြင့်ထပ်အော်ပြန်တယ်။ သေချာပါပြီ…

ကျားသစ်လေးကသူ့မျက်နှာကိုဖုံးအုပ်လိုက်တယ်။ အသံကအရမ်းပျော့လွန်းတာပဲ။ သူက ကြောင်အကြီးမျိုးနွယ်ဖြစ်တဲ့ ခြင်္သေ့နဲ့ကျားလိုမျိုး ကျားသစ်တစ်ကောင်ဆိုတာသေချာပါတယ်နော်။ ထို့နောက်သူရဲ့ခေါင်းပေါ်ကိုကြီးမားတဲ့လက်ကြီးရောက်လာပြီး အားပေးသလိုမျိုးပွတ်သပ်ပေးခဲ့တယ်။ Aojia က လေပြေလေးနဲ့ပြောလိုက်တယ်။ “ မင်းကသားရဲပုံစံနဲ့ အသံလုပ်နေကျမဟုတ်လို့ပါ။ မစိုးရိမ်နဲ့ ဖြေးဖြေးချင်းလုပ်လို့ရတယ်။ ”

Rong Mingshi ကသူ့ရဲ့လက်ကိုဖြေလျှော့လိုက်ပြီး Aojiaကိုမော့ကြည့်လိုက်တယ်။ ဒီလူရဲ့မျက်လုံးထဲမှာမထီမဲ့မြင်ပြုတာကိုမမြင်ရဘဲ အားပေးမှုအချို့ကိုသာမြင်လိုက်ရတယ်။ တစ်ချိန်တည်းမှာပင် Aojia ရဲ့ စကားတွေကသူ့ကိုပျော်ရွှင်သွားစေတယ်။ တစ်နည်းအားဖြင့် သူကစကားပြောဖို့အခွင့်အရေးရှိသေးတယ်မလား။ ဒါ့အပြင် သူ့ကိုမြို့စားက အချိန်တွေဘယ်လောက်ကြာအောင်ကုသပေးခဲ့တာလဲ။ သူရဲ့ရောဂါလက္ခဏာတွေက ပျောက်ကင်းနေလောက်ပြီဆိုတာဖြစ်နိုင်လောက်တယ်။

Rong Mingshi က Aojia ကိုပြုံးပြလိုက်တယ်။ သူရဲ့ချွန်ထက်နေတဲ့ကျားသစ်သွားလေးတွေကိုစိပြနေပြီး သူ့ရဲ့မျက်ဝန်းတွေကိုကြည့်လိုက်မိရင်တော့ ရယ်ပြနေတာဆိုတာခံစားမိစေပါတယ်။ Aojia လည်းပဲကြည့်ပြီးရယ်မောလိုက်မိတယ်။ သူကအာဟာရအိတ်ကို ယူလိုက်ပြီးကျားသစ်လေးကိုပေးလိုက်တယ်။
“ ကောင်းကောင်းစားပြီး ဖောင်းဖောင်လေးဖြစ်လာအောင်လုပ်"

“....…”

ဘယ်ကိစ္စမှာမဆို ဒီအနက်ရောင်နဂါးက ဘာကိုလိုချင်တာလဲဆိုတာ သိဖို့ခက်လွန်းတယ်။

Rong Mingshi ကထိုင်ခုံပေါ်တွင်မတ်တပ်ရပ်နေပြီး သူ့စက်ရုပ်အိမ်ထိန်းလုပ်ပေးတဲ့အာဟာရထုပ်တွေကိုမြင်ပြီးနောက်မှာတော့ သူ့နားရွက်လုံးလုံးလေးတွေကအောက်ကိုဆိုက်သွားတော့တယ်။ သူကလက်လေးကိုပန်းကန်စီလှမ်းလိုက်ပြီးတစ်ကိုက်ကိုက်လိုက်တယ်။ Rong Mingshi ကအရသာတူညီစွာနဲ့ဆိုးရွားနေတာကြောင့် သူကဆရာဝန်ကိုစက်ရုပ်အိမ်ထိန်းလားလို့တောင် ထင်လိုက်မိတယ်။ သူတို့ကအရသာမရှိတဲ့စနစ်ကိုဝေမျှခဲ့ကြတာလား?

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now