Chapter - 66 [Uni]

4.4K 901 24
                                    

- ပါဆယ်ထုပ်ကကြီးလွန်းတယ်။

ဒီလောက်ချစ်စရာကောင်းတဲ့ စတိုးဆိုင်ပိုင်ရှင်လေး… Gult ရဲ့နှလုံးသားဟာ သွေးတောက်တောက်ကျနေပါပြီ။ စတိုးဆိုင်ပိုင်ရှင်မှာ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ ထွင်းထုကျွမ်းကျင်မှုစွမ်းအင် ရှိသူလို့မူလက ထင်မြင်ခဲ့တာ အခုတော့သူက ဆရာသခင် ၁၈ ဦးကိုတောင် အလုပ်သင်အဖြစ် လက်ခံခဲ့သည်။ စတိုးဆိုင်ပိုင်ရှင်က အရမ်းငယ်နေလို့သာ မဟုတ်ရင် သူတို့တွေ soulmate တွေပဲဖြစ်လာကြမှာ။

နောက်ဆုံးတွင် Gult သူ့နှလုံးသားထဲ တောက်လောင်နေသော မီးတောက်ငယ်များကို မခံစားနိုင်တော့ပါ။ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျားသစ်လေးအား ဦးညွှတ်လိုက်သည်။ “ဆိုင်ပိုင်ရှင်၊ ငါက မင်းထွင်းထားတဲ့ ရွှေစပါးအုံးမြွေပါ။  မင်းရဲ့လက်ရာက အရမ်းကိုကောင်းပါတယ်။  ကျေးဇူးအများကြီးတင်ပါတယ်။"

ကျားသစ်လေးက နဂါးနက်လေးကိုသာ ကိုင်ထားပြီး ခေါင်းတောင်မော့မကြည့်ပေ။

Gult  “…”

'ဆိုင်ပိုင်ရှင်၊ ငါ့ကိုကြည့်လိုက်စမ်းပါ... မင်းငါ့ကိုကြည့်ရင် မင်းစိတ်ပြောင်းသွားလောက်မှာပါ။'

သို့သော်လည်း ကျားသစ်လေး၏ မျက်လုံးများက နဂါးနက်ကလေးနှင့်သာ ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူ့ရဲ့ ထူတုတ်တုတ် ခြေလက်လေးတွေက  Aojia ၏လက်ကို လှမ်းရိုက်လိုက်သည်။ " ရှောင်ဟေး(အမဲလေး) သူ့ကို နောက်တစ်ခေါက်လောက် ပျံခိုင်းလိုက်ပါဦး!"

Aojia က အနက်ရောင် နဂါးလေးကို လှမ်းယူလိုက်သည်။ သူ့လက်ကို မြှောက်ပြီး လွှင့်ပစ်လိုက်တယ်!

Gult ရဲ့ နှလုံးသားထဲက မီးတောက်ငယ်လေးမှာ ဟုန့်ခနဲချက်ချင်း ငြိမ်းကျသွားခဲ့ပြီး ထိန်းချုပ်လို့မရစွာပဲ နောက်ထပ် ခံစားချက်တစ်ခု ထွက်ပေါ်လာလေတယ်။ သူ့သွေးတွေဟာလည်း တကယ့်ကိုပဲ စီးကျလာတယ်! သူဒီနှစ်​​ယောက်ရဲ့အနိုင်ယူခြင်းကိုခံလိုက်ရပြီ...

ထိုရုပ်ထွင်းမှာ စတိုးဆိုင်ပိုင်ရှင်၏ လက်ရာပဲဖြစ်သည်။ ဒီနှစ်ယောက် ဒါက ဖမ်းယူဖို့ ဘယ်လောက်ခက်လဲ ဆိုတာကိုသိကြရဲ့လား? Star Network မှာ စောင့်ဆိုင်းနေကြတဲ့ ဝယ်သူတွေသာ ဒါကို သိရင် သူတို့ ဘယ်လောက်တောင် ရူးသွားကြမလဲ?

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now