Chapter - 11 [Zawgyi]

3.6K 367 4
                                    

- ကျားသစ်လေးရဲ့အာရုံစိုက်မှု

ကျားသစ်လေးကဒီမကောင်းဆိုးဝါးကိုမယုံကြည်နိုင်ခဲ့ဘူး။ အကြည်ကျောက်ကိုထွင်းထုရန်အကြိမ်ကြိမ်ကြိုးစားပြီးနောက် စွမ်းအင်ကျောက်တုံးကသူ့ကိုငြင်းပယ်ခဲ့တယ်။

စွမ်းအင်ကျောက်တုံးကိုထုထွင်းခြင်းက၎င်းကိုဖြတ်တောက်ခြင်းနှင့်ကွဲပြားတယ်။ အကယ်၍ အတွင်းမှစွမ်းအင်ကမနိုးထပါကစွမ်းအင်ကျောက်ကိုသာမန်ကျောက်တုံးကဲ့သို့ဖြတ်တောက်နိုင်တယ်။ သို့သော်ထိုအရာကသားရဲတွေရဲ့ရူးသွပ်မှုအတွက်အသုံးမဝင်ပေ။

စွမ်းအင်ကျောက်တွေအတွက် အထူးသဖြင့်အဆင့်မြင့်စွမ်းအင်ကျောက်တွေဖြစ်တဲ့ Rong Mingshi ရဲ့ကိစ္စလိုမျိုး အမြင်မလုံလောက်ခြင်း (သို့) မမှန်မကန်အသုံးပြုတဲ့အခါ စွမ်းအင်ကျောက်တုံးရဲ့စွမ်းအားနဲ့တားမြစ်ပိတ်ပင်တတ်တယ်။ ပန်းပုလုပ်ငန်းစဉ်ကအလွန်ခက်ခဲတယ်။ ဒါ့ကြောင့် Aojia ရဲ့လက်ပတ်မှနဂါးနက်ကယခင်ဆရာ့လက်နဲ့ထွင်းထုပေးတားတာဖြစ်တာကြောင့် ကျားသစ်လေးကဒီကျောက်တုံးရဲ့အငြင်းခံနေရတယ်ဆိုတာသူသိနေတာဖြစ်တယ်။

ကျားသစ်လေးကအကြည်စွမ်းအင်ကျောက်ကိုမနှိုးနိုင်ခဲ့လျှင် Aojia ကအခြားဆရာများအတွက်မျှော်လင့်ချက်မရှိချေ။ Aojia ရဲ့အစီအစဉ်က‌တော့ဒီကျားသစ်လေးကိုလေ့လာရန်စေလွှတ်ဖို့သာရှိတော့တယ်။

ကျားသစ်လေးဟာစိတ်ဓာတ်ကျသွားခဲ့တယ်။ သူကစားပွဲပေါ်ထိုင်ချလိုက်ပြီး Aojia ကိုကြည့်လိုက်တယ်။ ထို့နောက်သူအမွှေးပွလက်လေးက အရောင်သုံးရောင်စပ်အဆင့်နိမ့်ကျောက်တုံးထည့်ထားတဲ့ ‌Aojia ရဲ့နောက်အိပ်ကပ်ကိုထိုးပြလိုက်တယ်။ Aojia ကကျားသစ်လေးရဲ့အမွှေးပွလက်လေးကိုကိုင်လိုက်ပြီးမေးလိုက်တယ်။ "မင်းနောက်တစ်မျိုးကိုစမ်းချင်တာလား "

Rong Mingshi ကသူ့စိတ်ထဲမှာရှိနေသေးတဲ့ယခင်စိတ်ကူးတွေကိုတွေးပြီးခေါင်းညိတ်ပြလိုက်တယ်။

သူကယခင်ဘဝမှာကျန်းမာရေးညံ့ဖျင်းမှုကြောင့် Rong Mingshi ရဲ့စိတ်ကူးစိတ်သန်းတွေဖြစ်‌ပေါ်တဲ့အခိုက်အတန့်ခဏမှာပြင်းထန်တဲ့ခေါင်းကိုက်ခြင်းကြောင့်မကြာခဏပျောက်ပျက်သွားလေ့ရှိခဲ့တယ်။ တစ်ခါတစ်ရံတွင်သူရဲ့သေးငယ်တဲ့အပိုင်းအစတွေက ထပ်တလဲလဲကြားဖြတ်နှောင့်ယှက်မှုတွေကြောင့်ပြီးစီးရန်လပေါင်းများစွာကြာပြီးစိတ်ကူးများစွာဆုံးရှုံးခဲ့ရတယ်။ ထို့ကြောင့်သူကစိတ်ကူးစိတ်သန်းရသည့်အခါတိုင်း၎င်းကိုမေ့မသွားစေရန်သူ၏ခေါင်းထဲတွင်ထပ်ခါထပ်ခါစဉ်းစားလိမ့်မည်ဖြစ်တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now