Chapter - 10 [Uni]

7K 1.3K 14
                                    

- ကျားသစ်လေးအတွက်သီးသန့်ကိရိယာများ

စွမ်းအင်ကျောက်တုံးကိုရှာတွေ့ခဲ့ပြီး Aojia ကကျားသစ်လေးကိုပုံမှန်အတိုင်းဘဲပွေ့ချီသွားခဲ့တယ်။ Abel ကသူတို့ Boss ကြီးယာဉ်ပျံပေါ်တက်သွားတာကိုစောင့်ကြည့်နေခဲ့ပြီး သူတို့ Boss ရဲ့မြင့်မားတဲ့နောက်ကျောကြားမှထွက်နေတဲ့ကျားသစ်ပေါက်လေးရဲ့အမြီးကို အသာလေးကြည့်နေလိုက်တယ်။ အမွှေးပွအမြီးလေးဟိုဘက်ဒီဘက်ယမ်းနေပုံလေးကအလွန်ကိုချစ်စရာပင်ဖြစ်တယ်။

ဒီကြောင်လေးက စွမ်းအားအပြင်းဆုံးစွမ်းအင်ကျောက်တုံးနဲ့လိုက်ဖက်နေတာဖြစ်ပြီး သူကတစ်ခုခုဖြစ်လာတော့မယ်ဆိုတာအမြဲခံစားနေရတယ်။

... သူကအထွေထွေမန်နေဂျာအလုပ်က်ိုတကယ်ထွက်ပြီးစောင့်သာကြည့်နေချင်တော့တယ်။

ယာဉ်ပျံဆီသို့ပြန်လာပြီးနောက် Aojia ကသူတို့ရဲ့နောက်ထပ်ဦးတည်ရာတစ်ခုကို Calant ကိုညွှန်ပြခဲ့တယ်။ သူရဲ့အထူးဆရာဝန်တာဝန်ကျနေတဲ့ဂြိုဟ်ငယ်လေးကဆေးရုံစီကိုပဲဖြစ်တယ်။ ထို့နောက်သူတို့ကျားသစ်လေးကိုအပြည့်အစုံစစ်ဆေးပေးဖို့ပဲဖြစ်တယ်။

Aojia ကကျားသစ်လေးကိုပတမဆုံး စားသောက်ဖို့ အခန်းထဲကိုခေါ်သွားခဲ့တယ်။ ထို့နောက်သူကကျားသစ်လေးကိုလက်တစ်ဖက်နှင့်ပွေ့ချီကာယာဉ်ပျံရဲ့စက်ရုပ်သံချပ်ကာခန်းသို့ခေါ်သွားခဲ့တယ်။ အလိုအလျောက်တံခါးပွင့်သွားပြီးစည်းဝေးခန်းအတွင်းမှ စက်မှုပညာရှင်တွေက သူတို့ Boss ကိုတွေ့လိုက်ရတယ်။ သူတို့ကချက်ချင်းလက်အလုပ်ကိုရပ်ပြီးအလေးပြုလိုက်ကြတယ်။ “ ဗိုလ်ချုပ်ကြီး!”

ကောင်းစွာလေ့ကျင့်ထားတဲ့ စက်မှုပညာရှင်တွေက သူ့တို့ခေါင်းဆောင်ရင်ခွင်ထဲက အဖြူရောင်အမွှေးနုလေးပေါ်မှာအမဲရောင်အမှတ်လေးတွေနဲ့ကျားသစ်အကောင်ပေါက်လေးကို မသိမသာခိုးကြည့်လိုက်ကြတယ်။ ယာဉ်ပျံပေါ်ကဝန်ထမ်းတွေက အတင်းအဖျင်းတွေကိုဂရုမစိုက်သော်လည်း သူတို့ဗိုလ်ချုပ်ကြီးကိုအလေးထားကြတယ်။ ဒါ့ကြောင့်ယာဉ်ပျံပေါ်မှလူဒါဇင်များစွာကသူ့ဘေးမှာ သား‌ရဲပေါက်လေးတစ်ကောင်ရှိကြောင်းကိုသိကြတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now