Chapter - 20 [Uni]

6.2K 1.1K 23
                                    

- ဗိုလ်ချုပ်ကြီးအိမ်မရှိပါဘူး။

ညကတော့ပုံမှန်အတိုင်းမငြိမ်းချမ်းပေမယ့်စက်ရုပ်အိမ်ထိန်းကဗိုလ်ချုပ်ကြီးကိုရှင်းပစ်ချင်နေတယ့်သူ့ရဲ့ဒေါသမီးကိုအတင်းဖိနှိပ်ထားခဲ့ရတယ်။ အကြောင်းအရင်းကတော့သူ့ကလေးပါဘဲ....

ဒီကျားသစ်လေးကအိပ်တဲ့အခါဘယ်တုန်းကမှနာခံစွာငြိမ်ငြိမ်မအိပ်ခဲ့ပါဘူး။ သူကနဂါးနက်ကြီးရဲ့ရင်ခွင်ထဲဟိုလှိမ့်ဒီလှိမ့်လုပ်နေခဲ့တာ။ အကြိမ်ရေမရေတွက်‌နိုင်အောင်လူးလှိမ့်ခဲ့ပေမယ့်နောက်ဆုံးတော့မှာ သူ့ခေါင်းကိုရင်ခွင်ထဲမြှုပ်ထားပြီးသူ့အမြီးကဗိုလ်ချုပ်ကြီးလက်မောင်းကိုရစ်ပတ်လို့သာထားတယ်!

ကလေးကဘာကြောင့်ဗိုလ်ချုပ်ကြီးရဲ့ရင်ခွင်ထဲမှာဘဲအိပ်တာလဲဆိုတာကိုစက်ရုပ်အိမ်ထိန်းကစဉ်းစားနေခဲ့တယ်။ အရင်တုန်းကသူ့ကိုယ်ပိုင်ကုတင်ပေါ်မှာသူမအိပ်ဖူးဘူးလား?

စက်ရုပ်အိမ်ထိန်း Aojia အိပ်ခန်းရဲ့ smart system ကိုတိုက်ခိုက်စည်းရုံးလိုက်ပြီးသူ့ရဲ့သုတေသနကိုစတင်ခဲ့တယ်။ တစ်စက္ကန့်တောင်မကြာတဲ့ Data ခွဲခြမ်းစိတ်ဖြာမှုပြီးသွားတော့ စက်ရုပ်အိမ်ထိန်းက ဗိုလ်ချုပ်ကြီးရဲ့ကိုယ်အပူချိန်က ကလေးရဲ့ကိုယ်အပူချိန်ထက်ပိုမြင့်တာကိုကောက်ချက်ချနိုင်ခဲ့တယ်။ ဒီအိပ်ခန်းကဗိုလ်ချုပ်ကြီးအိပ်တဲ့အလေ့အထနဲ့အညီသတ်မှတ်ထားတာဘဲဖြစ်တယ်။ တစ်နည်းအားဖြင့်အခန်းအပူချိန်နိမ့်ကျသွားတာကြောင့်ကျားသစ်လေးကအပူချိန်များရာကိုရှာဖွေသည်မှာပုံမှန်ဘဲဖြစ်တယ်။

ဒါ့ကြောင့်အိမ်ထိန်းကအိပ်ခန်းရဲ့ဗဟိုထိန်းချုပ်မှု system ကိုရိုးရှင်းစွာကျူးကျော်လိုက်ပြီးအခန်းအပူချိန်ကိုချိန်ညှိလိုက်တယ်။ မကြာမီမှာဘဲအခန်းအပူချိန်မြင့်တက်လာတော့တယ်။ အမွေးပွကျားသစ်လေးကပူသော်လည်းအိမ်ထိန်းတွေးထားသလိုမလုပ်ခဲ့ပေ။ သူကစောင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ကြီးဘေးမှစွန့်ခွာသွားခြင်းမရှိပေ။

အဲဒီ့အစားသူကလက်ကလေးနဲ့ Aojia ရင်ဘတ်ကိုတိုးပြီးသူ့ခေါင်းလေးကို Aojia ရဲ့မေးစေ့စီဆန့်ကာဝိုတိုးဝါးတားအသံလေးတွေလုပ်လိုက်တယ်။
"Aoji ... jiao ... " Aojia ... မီးမဖွင့်နဲ့ ...

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now