Chapter 123

16.2K 1.9K 87
                                    

ဆေးရုံတက်နေရတဲ့ အချိန်နာရီတွေက အင်မတန်ကို ပျင်းဖို့ကောင်းတယ် ။

ဒါပေမယ့် ကံလေးကောင်းတာက ယုပေါ်ယွင်ဆီကို သူငယ်ချင်းလေးတွေ မကြာမကြာ လာလည်ကြတယ် ။ ဒါကြောင့်လည်း ပျင်းရိငြီးငွေ့ခြင်းကို သိပ်တော့မခံစားရဘူး ။

ကုဖုန်းက ယုပေါ်ယွင်နဲ့ ကုကျားယွဲ့ရဲ့ ကျန်းမာရေးအခြေအနေကို မနက်ခင်းတိုင်း စစ်ဆေးလေ့ရှ်ိတယ် ။ ပြီးမှ အလုပ်ကို သွားတာ ။

အရေးကြီးဖြေရှင်းစရာတွေ ၊ အရေးတကြီး အစည်းအဝေးတွေကို တစ်မနက်ခင်းတည်းနဲ့အပြီးလုပ်ပြီး နေ့လည် ၂ နာရီ ၊ ၃ နာရီဆိုရင်
ဆေးရုံပြန်ဖို့ စိုင်းပြင်းနေပြီ ။ အရင်ကတော့ ဦးတိကျကြီး ၊ အလုပ်မှအလုပ်ဆိုတဲ့ အလုပ်ချစ်သူကြီး ၊ အချိန်မှန်ရုံးရောက်ပြီး အချိန်မှန်ရုံးဆင်းတတ်တဲ့ အချိန်လေးစားသူကြီး ကုဖုန်းတစ်ယောက် ပြောင်းလဲသွားလိုက်ပုံများ
လူစားလဲထားသလားထင်ရ ။

အလုပ်မပြီးသေးလည်း ဘာအရေးလဲ ။ ဆေးရုံပြန်ရရေး ကုဖုန်းအရေးပဲလေ ။
ဆေးရုံရောက်မှ ယုပေါ်ယွင်ကုတင်ဘေးမှာထိုင်ပြီး ဆက်လုပ်မှာပေါ့ ။ အလုပ်လေးလည်းလုပ် သူ့ရှေ့က ကလေးအဖေလေးကိုလည်း မျက်စိအစာကျွေး ။
ကဲ ဘယ်လောက်အဆင်သင့်လိုက်လဲ ။

တကယ်လည်း ကုဖုန်းက နေ့စဥ်နေ့တိုင်း အစောကြီးပြန်လာပြီး ယုပေါ်ယွင်ကုတင်ဘေးမှာ ကွန်ပျူတာတစ်လုံးနဲ့ မပြီးပြတ်သေးတဲ့အလုပ်တွေကို ဆက်လုပ်တယ် ။ ယုပေါ်ယွင်ကိုလည်း ခဏ ခဏ မော့မော့ကြည့်ရတာ အမော ။ ယုပေါ်ယွင် သိအောင်တစ်မျိုး မသိအောင်တစ်မျိုး ခိုးဝှက်ကြည့်လိုက် ပြောင်ကြည့်လိုက်နဲ့ ။

ယုပေါ်ယွင်က ယွဲ့ယွဲ့လေးကို ပွေ့ထားပြီး
အိပ်ပျော်နေတဲ့မျက်နှာသေးသေးလေးကို ကြည့်နေမိတယ် ။
သူ့သားလေးကို ဘယ်လောက်ကြည့်ကြည့် ကြည့်လို့ကိုမဝဘူး ။ သူ့နှလုံးသားက သူလေးကိုချစ်လွန်းလို့ အရည်တောင်ပျော်ကျတော့မယ် ။

"ပါပါးရဲ့ မင်းသားလေး "
ယုပေါ်ယွင် ခပ်ကြိတ်ကြိတ်လေး ရယ်လိုက်တယ် ။
"ကလေးလေးတစ်ယောက်မွေးရတာ တကယ်ကို အရမ်းကောင်းတာပဲ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now