Chapter 186

6.6K 1.3K 21
                                    

ယုပေါ်ယွင် ‌တစ်စုံတစ်ရာကို စမ်းမိလိုစမ်းမိငြား လေထဲမှာ လက်အစုံဝှေ့ယမ်းကာ မရဲတရဲလေးမေးလိုက်တယ် ။

" ကု ..ကုဖုန်းလား "

" အင်း ကိုယ် "

ကုဖုန်းက တိုတိုတုတ်တုတ်ပဲ တုန့်ပြန်ကာ ယုပေါ်ယွင်ကို ဆတ်ခနဲ ပွေ့ချီပြီး ထိုင်ခုံမှာ ထိုင်စေလိုက်တယ် ။

" မျက်လုံးက နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီလား "

" ဒီတစ်ခါက အရင်ဖြစ်တာတွေထက်ဆိုးတယ် ..ကျွန်တော် ဘာမှမမြင်ရတော့ဘူး "

" မစိုးရိမ်နဲ့ ..မကြောက်နဲ့နော် "

ကုဖုန်းက ယုပေါ်ယွင်နဖူးလေးကို တရှိုက်မက်မက်နမ်းလိုက်တယ် ။ အဲ့ဒီနောက် ထိတ်လန့်နေတဲ့လူသားလေးကို ပွေ့လိုက်ပြန်ကာ

" ကိုယ် မင်းကို ဆေးရုံခေါ်သွားပေးမယ် ..ဘာမှကြောက်နဲ့နော် "

ကုဖုန်း အလျင်စလို ပွေ့ချီသွားပြီးနောက် ယုပေါ်ယွင်ကို ကားထဲထည့်ကာ အမြန်နှုန်းမြင့်ပြီး ဆေးရုံကို မောင်းလေတော့တယ် ။

ယုပေါ်ယွင်ရဲ့ဓာတ်မှန်နဲ့ ဆေးမှတ်တမ်းကို ကြည့်နေတဲ့ ပါရဂူကြီးက အသက်အရွယ်အရရော အတွေ့အကြုံအရပါ သူ့နယ်ပယ်မှာတော့ အင်မတန်ကျွမ်းကျင်လှတာ သိသာထင်ရှားလွန်းတယ် ။ ပါရဂူကြီးက ငြိမ်သက်စွာဖြင့် စိတ်ဝင်တစားကြည့်ရှုနေရင်း မျက်ခုံးအစုံက မကြာခဏ ပင့်ပင့်သွားတယ် ။

ယုပေါ်ယွင်လက်ဖဝါးက ချွေးစေးတွေကို ကုဖုန်း ခံစားမိလိုက်တယ် ။ သူကိုယ်တိုင်လည်း စိုးရိမ်ပူပင်နေပြီ ။ ယုပေါ်ယွင်လက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အသာအယာဖျစ်လိုက်တယ် ။ ယုပေါ်ယွင်လေး အားဖြစ်လိုဖြစ်ငြား ရည်ရွယ်ပြီးတော့ပေါ့ ။

ကုဖုန်း မနေနိုင်စွာနဲ့ ပါရဂူကြီးကို မေးလိုက်တယ် ။

" အခု အနေအထားမှာ ကျွန်တော်တို့ ဘာလုပ်သင့်လဲ ကြည့်ပေးပါဦးခင်ဗျာ "

" အရင်ပြဖူးတဲ့ ဒေါက်တာပြောတာလည်း မမှားပါဘူး "

ပါရဂူကြီးရဲ့လေသံက တည်ငြိမ်‌နေပေမယ့် ဘာရယ်ကြောင့်မှန်းမသိစွာ သူ့ကို အတော်လေး စိတ်သက်သာရာရစေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now