Chapter 159

7.9K 1.4K 79
                                    

"အား "

စူးစူးဝါးဝါးအော်သံက အထက်ဘဝဂ်ထိတိုင် လွင့်ပျံလို့သွားတယ် ။

လုရန်က အသံတွေပြာတက်တဲ့အထိကို စူးစူးရှရှ အော်လိုက်တာ ။ ယုပေါ်ယွင်လေး နားတွေတောင်အူသွားတယ် ။

"ဖာ့ခ်.. ဒီခွေးကောင်က တကယ်ကြီး သဘောတူလိုက်တယ်လား..တကယ်လား...ဟမ် ! တကယ်လားလို့...တကယ်ကြီးလား...မင်း , မင်း ငါ့ကို လိမ်နေတာလား "

အေး စိတ်မရှည်တော့ဘူး !

ယုပေါ်ယွင် သောက်မြင်ကပ်ကပ်နဲ့ အဲ့ကောင်မျက်ခွက်ကို ဖုန်းနဲ့ပိတ်ပေါက်လိုက်တယ် ။ တကယ်ထိအောင်တော့ မပေါက်ပါဘူး ။

"မင်း စွလုံးလေးနဲ့ မင်းကြည့် "

လုရန် ကမန်းကတန်း ဖမ်းလိုက်တယ် ။ ပြီးတော့ ဖုန်းကို ကလေးလေးတစ်ယောက်လို တယုတယကိုင်တွယ်ပြီး ဖုန်းထဲကစာကိုကြည့်တယ် ။

စာက ယုပေါ်ယွင်ဖတ်ပြထားတာနဲ့ တစ်လုံးတောင် လွဲမနေဘူး ။

"ဒီတစ်ခါတော့ မင်း စွံသွားပြီကွ "
ယုပေါ်ယွင် ပြုံးလျက်
"အဲ့ခွေးကောင်နဲ့ မင်း တရားဝင်တွဲ...တွဲ..... "

"တိတ်စမ်း! ....ဘာ ခွေးကောင်လဲ...သူက.............ငါ့ ယောက်ျား "

ယုပေါ်ယွင် မျက်ဖြူလှန်ပြီး ရယ်ရုံသာ တတ်နိုင်တော့တယ် ။ သူ့ သူငယ်ချင်းလေးက ဆေးမမှီတော့ဘူး ။

လုရန်တစ်ယောက် အားရပါးရ အာခေါင်ခြစ်
အော်ပြီးနောက် ထိန်းမနိုင် သိမ်းမရ ပျော်နေလေတော့တယ် ။ စိတ်လှုပ်ရှားရလွန်းလို့
သွေးတွေပွက်ပွက်ဆူပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့မလိုပဲ ။ စိတ်ငြိမ်အောင် ဘယ်လိုမှ ထိန်းမရဘူး ။

ပြတင်းပေါက်ရှိရာ အပြေးသွားပြီး ပြတင်ပေါက်ကိုဖွင့် ၊ မနက်ခင်းနေရောင်ခြည်တွေ တောက်ပဖြာလက်နေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးကို မျက်နှာမူကာ အော်ပစ်လိုက်ပြန်တယ် ။

"ငါ့မှာ ယောက်ျားတစ်ယောက် ရှိပြီဟေ့! "

"သွေးလေခြောက်ချားပြီး ကယောင်ကတန်းတွေ ထအော်နေတယ်..ဟာသပဲ ! "

အောက်ထပ်မှာနေတဲ့ အန်တီဝတုတ်တစ်ယောက် ဖရဲသီးလိုလုံးဝန်းနေတဲ့ခေါင်းကို
ပြတင်းပေါက်အပြင်ထုတ်ပြီး ပြောလေတယ် ။ အဲ့ဒါက ဖက်တီးဟမ်းစတားတစ်ကောင် ဟမ်းစတားအိမ်ငယ်လေးထဲက ခေါင်းထုတ်ကြည့်နေပုံနဲ့တောင် တူတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now