Chapter 152

7.5K 1.3K 80
                                    

ယုပေါ်ယွင်နဲ့ ပိုင်ရှီရှန်းက ကျန်းဟောင်သွားရာ တကောက်ကောက်ပါနေတော့တယ် ။ နာရီအနည်းငယ်အပြီးမှာတော့ ကျန်းဟောင်လက်ထဲ အထုပ်တွေအပြည့် ။ အမျိုးမျိုးသော brands တွေက ဝယ်ချင်စိတ်ပေါက်အောင် ဆွဲဆောင်လို့နေလေတော့.....။

"ဒီဆိုင်ရော ဝင်ကြည့်ဦးမလား "
ကျန်းဟောင်က မျက်ခုံးလေးပင့်ကာ မေးလေတယ် ။

ယုပေါ်ယွင် ဆိုင်ကိုမော့ရှိုးလိုက်တယ် ။ ဒါက
တန်ဖိုးကြီးကျောက်မျက်ရတနာအရောင်းဆိုင်တစ်ဆိုင် ။

ရှော့ပင်းထွက်ရတာလည်း ဖတ်ဖတ်မောနေပြီ ။ လျှောက်ပတ်နေတာကလည်း ကြာနေပြီမို့ ညောင်းချိနေတဲ့ သူ့ခြေထောက်တွေကို ခဏလောက် အနားပေးဖို့ တွေးလိုက်တယ် ။

"အိုခေလေ...ဝင်ကြည့်ကြတာပေါ့ "

ကျန်းဟောင်က လက်နှစ်ဖက်လုံး အထုပ်တွေအပြည့်ဆွဲထားလျက်နဲ့ပဲ ဆိုင်ထဲဝင်လေတယ် ။ ဆိုင်ထဲဝင်လိုက်တာနဲ့ ဖြိုးဖြိုးဖျတ်ဖျတ် ဝင်းလက်တောက်ပတဲ့ စိန်ထည်ပစ္စည်းတွေက မြင်ကွင်းထဲဝင်လာတယ် ။ မှန်ကောင်တာတွေထဲက ကျောက်မျက်ရတနာအဆင်တန်ဆာတွေက အရည်အသွေးမြင့်ရုံတင်မက အထက်တန်းကျကျနဲ့ ဆန်းသစ်တဲ့ဒီဇိုင်းတွေချည်းပဲ ။

မှန်ကောင်တာနား ခပ်သွက်သွက်ကပ်သွားပြီး အရောင်းဝန်ထမ်းလေးနဲ့ စကားပြောနေတဲ့ ကျန်းဟောင်ကို ယုပေါ်ယွင် စောင့်ကြည့်နေခဲ့တယ် ။

ကျန်းဟောင်က ဒီလောက်ပိုက်ဆံတွေဖြုန်းပြီး ရင်တောင်တစ်ချက်ခုန်ရဲ့လားမသိ !
များပြားလှတဲ့ပမာဏနဲ့ သုညတွေက သူ့အတွက် မှုလောက်စရာမဟုတ်ဘူးနဲ့ တူတယ် !

ယုပေါ်ယွင် ရင်နာနာနဲ့ သက်ပြင်းခိုးချမိတယ် ။

ဘာကြောင့်များ သူ့ဘေးနားမှာ ငွေကို ရေလိုသုံးနိုင်တဲ့ high boss တွေပဲ ရှိနေရတာလဲ ?
!
ဒီဘဝမှာ ကျပ်ကျပ်တည်းတည်းနဲ့ မသေရုံတမယ် ရှင်သန်ခဲ့ရတာ သူတစ်ယောက်တည်း ထင်ပါရဲ့ !
ပုထုဇဥ်လူသားတစ်ယောက်အတွက် ပျံသန်းရတာ ခက်ခဲပင်ပန်းလိုက်တာ !

မဟုတ်ဘူး !
သူ တစ်ယောက်တည်း မဟုတ်ဘူး !
သူ့သူငယ်ချင်းလေး လုရန်လည်း သနားစရာကောင်းလောက်အောင် ဆင်းရဲမွဲတေတာပဲ !

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now