Chapter 265

3.2K 483 15
                                    

ယုပေါ်ယွင်စကားကြားတော့ နှင်းပွင့်နဲ့အအေးဒဏ်ကြောင့် ဖြူဖျော့နေတဲ့ လိခေးမျက်နှာလေး ရဲတက်သွားတယ် ။

" သူ ပြန်လာမှာပါ "
ယုပေါ်ယွင် အချိန်ကြာကြာတွေးပြီး ဒီနည်းလမ်းနဲ့ လိခေးကို နှစ်သိမ့်လိုက်တယ် ။

လိခေးက ယုပေါ်ယွင်မျက်လုံးကြည်ကြည်လေးတွေထဲ စိုက်ကြည့်ပြီး သူ့စကားတွေက လည်ချောင်းဝမှာတင် တစ်နေတယ် ။

" လာပါ , အထဲပြန်ဝင်တော့ , အပြင်မှာ အရမ်းအေးတယ် .. ဒီရက်ပိုင်းတွေက အရမ်း အလုပ်ရှုပ်တဲ့နေ့တွေ .. မင်းလည်း ဟိုဒီဝင်ကူပြီး ပင်ပန်းနေရောပေါ့ "
ယုပေါ်ယွင်က လိခေးကို ညင်သာစွာ ချော့မော့ပြောတယ် ။

" ဘာလို့ ပိုင်ရှင်မရှိတဲ့ ခွေးပေါက်လေးလို ဖြစ်နေတာလဲ .. တကယ်ပဲ လူကို စိတ်ပူရအောင် "

လိခေး မျက်လုံးထောင့်ကပ်ပြီး
"တကယ်တော့ ကျွန်တော် ....."

"အိုခေ အိုခေ "
ယုပေါ်ယွင်က လိခေးလက်ထဲ ကော်ဖီပူပူတစ်ခွက်ထည့်ပေးပြီး သူ့လက်နွေးသွားအောင် ကိုင်ခိုင်းတယ် ။
" စကားနောက်မှ ပြောရအောင်.. ကြည့်ဦး မင်းနှုတ်ခမ်းနဲ့ အသားတွေ ‌ပြာနှမ်းနေပြီ ..နွေးသွားအောင် မြန်မြန်လေး အထဲဝင်တော့ "

လိခေး ခေါင်းညိတ်ကာ ကော်ဖီခွက်လေး တင်းတင်းကိုင်ပြီး ဗီလာဆီ လျှောက်သွားတယ် ။ တံခါးဝရောက်ချိန်မှာ နောက်လှည့်ပြီး ယုပေါ်ယွင်ကို ပြန်ကြည့်တယ် ။

ယုပေါ်ယွင်က မဝေးလှတဲ့နေရာမှာ ရပ်နေပြီး သူ့နောက်ဘက်မှာတော့ သိပ်သည်းလှတဲ့ နှင်းကန့်လန့်ကာကြီး ။ ထို့အပြင် အလွန်အမင်း တောက်ပလွန်းတဲ့နေရောင်က သိပ်သိပ်သည်းသည်းနှင်းထုကိုဖောက်ပြီး ယုပေါ်ယွင်ကိုယ်ထက် ဖြာကျနေတယ် ။ မြင်ကွင်းက အတော်လေး မျက်စိကျိန်းဖွယ် ။

( စိတ်ထဲ ပုံမပေါ်ရင် ကိုယ်တွေနိုင်ငံက နေပူမိုးရွာတဲ့ မြင်ကွင်းကို အစားထိုးမြင်‌ယောင်ကြည့် he )

ယုပေါ်ယွင်က သူ့ဘက်ကို ကျောခိုင်းရပ်နေတယ် ။ မြင့်မားကျစ်လစ်ကာ သွယ်လျတဲ့ ယုပေါ်ယွင်ကိုယ်ထက်မှာ ဝတ်ဆင်ထားတာက အဖြူရောင် အနောက်တိုင်းဝတ်စုံ ။ အရာရာဟာ ယုပေါ်ယွင်ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ လိုက်ဖက်လွန်းစွာ ပေါင်းစပ်လိုက်တော့ ......။
ယုပေါ်ယွင်ရဲ့ ချောမောခန့်ညားမှုက ကဗျာမပီ စာမမီနိုင်လောက်စရာ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now