Chapter 262+263+264(Z)

1.4K 86 0
                                    

လိခေးဟာ ယုပေါ်ယွင်ဆိုင်မှာပဲ တစ်နေ့လုံး ငိုင်တိုင်တိုင် ထိုင်နေခဲ့တယ် ။ နေဝင်လို့ မိုးစုန်းစုန်းချုပ်တဲ့ထိတိုင်ပဲ ။ ဘယ်သွားလို့ ဘယ်လာရမလဲ သူမသိဘူး ။

ယုပေါ်ယွင် သက်ပြင်းချတယ် ။
" ငါ့အိမ်မှာ ခဏလောက် လိုက်နေမလား "

လိခေး ပုတ်သင်ညိုလေးလို ခေါင်းတဆတ်ဆတ်ညိတ်တယ် ။

သူ့မှာ ပိုက်ဆံလည်း တပြားမှ မရှိတော့သလို သူငယ်ချင်းလည်း များများစားစား မရှိဘူး ။ သူ့အမေ ဖမ်းမိသွားလည်း ကြောက်ရတယ် ။ ခုလောလောဆယ်ကုဖုန်းနဲ့ ယုပေါ်ယွင်အိမ်မှာ ခဏနေတာ အကောင်းဆုံးအကြံပဲ ။

ကုဖုန်းက အလုပ်ပြီးလို့ ချစ်သူခင်ပွန်းလေးကို လာကြိုတယ် ။ သူ့ခင်ပွန်းလေးနောက်မှာ တစ်ဆေတစ်ကောင်လို ကပ်ပါလာတဲ့ လိခေးကိုလည်းမြင်ရော သူ့မျက်ခုံးလှလှတွေ တွန့်ချိုးသွားတယ် ။

" ဘေဘီလေး သူက ......"

" သူ့မှာ ပြဿနာလေးတွေ ရှိနေတယ် "
ယုပေါ်ယွင် ပခုံးတွန့်ကာ ဆက်ပြောတယ် ။
" အဲ့ဒါကြောင့် အိမ်မှာ ခဏလောက် နေခိုင်းမလို့ "

ကုဖုန်းက မျက်ခုံးကြုတ်နေတုန်း ။

ယုပေါ်ယွင် မျက်ဝန်းမှေးကျဉ်းကာ မေးတယ် ။
" ဘာလဲ ခင်ဗျားက ငြိုငြင်တာလား "

" မဟုတ်တာ မဟုတ်တာ .. ရတာပေါ့ ရတာပေါ့ "
ကုဖုန်း အသည်းအသန် ငြင်းဆိုကာကွယ်လိုက်ရတယ် ။

ချစ်ရသူလေး စိတ်ပျက်ပြီး မပျော်မရွှင်ဖြစ်အောင် သူလုပ်ရက်ပါ့မလားလေ ??

သူ ကြောက်တာက ....... ကြောက်တာက

သူတို့ လင်ခင်ပွန်းနှစ်ယောက်ရဲ့ ချိုမြိန်ဖွယ်ရာ ရိုမန်တစ်လေးတွေ ထပ်ပြီး နှောင့်ယှက်ခံရမှာကို ။

လေးဘက်ထောက်သွားပြီး တစ်အိမ်လုံးပတ်မွှေနေတဲ့ ကုကျားယွဲ့တစ်ယောက်နဲ့တင် သူတို့အချစ်လှေလေးခမျာ လှိုင်းတွေထန် မုန်တိုင်းတွေ အတိုက်ခံနေရတာ ။ အခု လိခေးပါ ရောက်လာရင် ........။

ဒါပေမဲ့ သူ့ဘေဘီလေး ဆန္ဒဆိုတော့ အီလည်လည်နဲ့ ခေါင်းညိတ်ရတော့မှာပေါ့ ။

ကားကို ကုအိမ်တော်ရှိရာ မောင်းသွားခဲ့ပြီး အိမ်ရောက်တော့ ကုဖုန်းက ယုပေါ်ယွင်လက်လေးဆွဲကာ ကားပေါ်က ဆင်းစေတယ် ။ ယုပေါ်ယွင်က လိခေးအတွက် ဧည့်သည်ခန်းကို သန့်ရှင်းပေးဖို့ အန်ကယ်လီကို ခိုင်းလိုက်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now