Chapter 148

8K 1.4K 56
                                    

လူကြီးမင်းဝူရဲ့မျက်လုံးတွေက အေးစက်နေပေမယ့် လေသံကိုတော့ အတတ်နိုင်ဆုံးထိန်းကာ ပြောလိုက်တယ် ။

"ဥက္ကဌကုက တကယ်ကို ကြင်နာတတ်တာပဲ..
ဒေါက်တာဖန်းရဲ့ သတင်းကြားကြားချင်း တန်းရောက်လာခဲ့တယ်ဆိုတော့ ..ဒါက အမှန်ကို ရည်ရွယ်ချက်ရှိရှိကြီးပဲနော် "

"ရပါတယ် "
ကုဖုန်းက ပထမစကားအတွက် ပြန်တုံ့ပြန်ပြီး နောက်စကားနှစ်ခွန်းကိုတော့ မကြားသယောင်နဲ့ ဝယ်လာတဲ့ သစ်သီးခြင်းကို စားပွဲပေါ်တင်ဖို့ ရှောင်ကျိုးကို ပြောရင်း တဆက်တည်း လူကြီးမင်းဝူကိုပါ ပြောလိုက်တယ် ။

"လူကိုမထိခိုက်ရင်ပဲ တော်ပါပြီလေ "

လူကြီးမင်းဝူ ဒေါသတကြီးနဲ့ အံတင်းတင်းကြိတ်ရင်း စွေစောင်းကြည့်လေတယ် ။

လူမထိခိုက်ရင် ဟုတ်လား ?!
အဲ့ကောင်က ကန်းသွားပြီလေ !
သူ့အတွက် ဘာမှအသုံးမဝင်တော့ဘူး !
အဲ့ဒါကို သူက ကံကောင်းတယ်ဆိုပြီး ထ,ကနေရမှာလား ?!

လူကြီးမင်းဝူ အေးတိအေးစက် နှာမှုတ်ပြီး
"မင်း နေချင်ရင်လည်း နေခဲ့..ငါတော့ သွားတော့မယ် "

ပြောပြီးတာနဲ့ သူ့ပစ္စည်းတွေကောက်ယူပြီး
ကုဖုန်းကို အကြည့်နက်နက်တွေနဲ့ကြည့်ကာ ထော့နင်းထော့နင်းနဲ့ ထ,ထွက်သွားလေတယ် ။

သူ့မှာ ခြေတစ်ဖက်အားပြုပြီး ယိုင်တိယိုင်တိုင် လျှောက်ရင်း တံခါးဝလေးတောင်မရောက်သေးဘူး ကုဖုန်းက တံခါးဘက်လှည့်ပြီး နက်ရှိုင်းတဲ့ လေသံနဲ့ ဆိုလိုက်တယ် ။

"အာ ကျွန်တော့်မှာ ပြောစရာလေးရှိသေးလို့..လူကြီးမင်းဝူ နားထောင်ချင်ပါ့မလား မသိဘူး "

ဝူကျန်းမင် လက်သီးဆုပ်ပြီး လှည့်မကြည့်ဘဲ ဆိုတယ် ။

"နားမထောင်ချင်ဘူး "

"ခင်ဗျား အများကြီး ကြားချင်တယ်ဆ်ိုတော့လည်း ကျွန်တော်ပြောပြရမှာပေါ့လေ "

ဟက် !
နားမထောင်ချင်လို့ရမလား !
ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့လုပ်လို့မရဘူးလေ !

ကုဖုန်းက ဝူကျန်းမင် စိတ်တိုနေလား ဒေါသထွက်နေလားဆိုတာကို ဂရုစိုက်ရမှာတောင် ပျင်းလွန်းလို့ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now