Chapter 145

8.9K 1.5K 72
                                    

ဦးလေးလီနဲ့ တစ်ညလုံးနီးပါး စကားတွေ ပြောဖြစ်ခဲ့တယ် ။ ပြီးနောက်တော့ သူ့ရဲ့ အိပ်ချင်စိတ်ကို တောင့်မခံနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားတယ် ။

ဦးလေးလီလည်း သန်းဝေလိုက်တယ် ။ သူက
အသက်လည်းကြီးပြီ ။ နောက်ပြီး သူ့သခင်လေးကို စိုးရိမ်ပူပင်လို့ တစ်ညလုံး စကားတွေပြောပေးနေရတာ ။ ဆွေးမြေ့ယိုယွင်းနေပြီဖြစ်တဲ့ သူ့အရိုးတွေထဲကတောင် မောပန်းနွမ်းနယ်ခြင်းကို ခံစားနေရတယ် ။ သူ မတ်တတ်ထရပ်ပြီး အခန်းမီးကိုပိတ်ကာ တံခါးကနေ ထွက်ခွာသွားတော့တယ် ။

သြော် လူတွေက တစ်နေ့မှာတော့ အရွယ်ရောက်လာကြတာပါပဲလေ !

ရှစ်နှစ်အရွယ် ကုဖုန်းလေးက အထက်စီးဆန်တဲ့ကလေးတစ်ယောက်ပေါ့ ။ သူလိုချင်တဲ့အရုပ်မှန်သမျှ ဝယ်ပေးမှ ။ မဝယ်ပေးရင် အော်ဟစ်ဆူညံပြီး တစ်အိမ်လုံးက လူအကုန် မနေရအောင်ကို ဂျီတိုက်တတ်တယ် ။ သူလိုချင်တာရသွားပြန်ရင်လည်း ရက်ပိုင်းလောက်လေးပဲ ကစားပြီး သူ ငြီးငွေ့သွားတာနဲ့ အရုပ်လေးတွေကို ရေကန်ထဲမှာတစ်ဝက် မြက်ခင်းပြင်မှာတစ်ဝက် လွှင့်ပစ်ထားခဲ့တာ ။ ပြီးရင် နောက်ထပ် အသစ်သစ်သော အရုပ်တွေကို မနားမနေ ပူဆာပြန်တော့တယ် ။

ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်လောက်ရောက်တော့ လူပျိုပေါက်လေးဖြစ်လာပြီ ။
အဲ့ဒီအရွယ်မှာတော့ ပုန်ကန်တတ်စပြုလာခဲ့တယ် ။ ငယ်စဥ်တည်းက စောင့်ရှောက်ပေးလာတဲ့ ဦးလေးလီကိုတောင် မချန်ဘဲ ဒေါသထွက်တတ်တယ် ။ ဒေါသတကြီးပြုမူပြီးနောက်မှ နောင်တလေးပိစိလောက်ရတယ်လို့ ခံစားရတယ်နဲ့တူပါတယ် ။ ဦးလေးလီကို ပြန်မတောင်းပန်ဘဲ မနေဘူး ။

အဲ့ဒီအခါမျိုးဆို ဦးလေးလီက စကားလမ်းကြောင်းလွှဲလိုက်ပြီး အခြားစကားလေးနည်းနည်းလောက်ပြောပေးလိုက်မှသာ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက် လူပျိုပေါက်လေးရဲ့မျက်နှာက ကြည်လင်သွားတတ်တာ ။

လူတွေကတော့ ဒီလိုပါပဲ ။ ငယ်ရွယ်စဥ်မှာတော့ ငယ်သွေးလေးတွေကြွနေကြပြီး ကိုယ်လုပ်တာမှန်တယ်လို့သာ ထင်တတ်ကြတယ်လေ ။ စဥ်းစားချင့်ချိန်နိုင်စွမ်းလည်းနည်းနေတတ်ပြီး အမှားတွေ ကျူးလွန်တတ်ကြတာ ဓမ္မတာပါပဲ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now