Chapter 254

2.7K 392 6
                                    

အချစ်ဟိုတယ်ရဲ့ စုံတွဲအခန်းတံခါးက ကလစ်ခနဲ အသံမြည်ကာ ပွင့်သွားတယ် ။

ကုဖုန်းဟာ သည်းမခံနိုင်တော့စွာ ယုပေါ်ယွင်ကို အခန်းထဲ ဆွဲသွင်းလေတော့တယ် ။
အခန်းထဲရောက်ရောက်ချင်း တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ပြီး ယုပေါ်ယွင် မတုံ့ပြန်နိုင်ခင် ယုပေါ်ယွင်ကိုယ်လေးကို မလှုပ်နိုင်အောင် တံခါးချပ်ထက် အားနဲ့ဖိကပ်ကာ မွတ်သိပ်သောအနမ်းတွေ ပြင်းပြင်းထန်ထန်ကြီး ကျဲချပစ်လိုက်တယ် ။

နှစ်ယောက်သားရဲ့ ဝင်သက်ထွက်သက်တွေ ကူးလူးယှက်နွယ်သွားပြီး ထိန်းမနိုင်သိမ်းမရ အပူတက်လာကြတယ် ။

သူတို့က ကာမဆိပ်တက်နေတဲ့ သားရဲကြီးတွေလိုပဲ ။ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲက ချစ်ခြင်းမေတ္တာတွေ ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံပြီးတဲ့အဆုံး ဒီတစ်နေ့‌မှာ အတွင်းထဲက အရိုင်းစိတ်တွေ လွှတ်ထုတ်ပြီး အိပ်ရာထက် စိတ်ရှိလက်ရှိ လူးလှိမ့်ပစ်ရန် နည်းနည်းလေးတောင် မစောင့်နိုင်တော့ဘူး ။
တစ်ယောက်ရဲ့ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုကို တစ်ယောက်က စုပ်ယူမြိုချပြီး ရှိရှိသမျှ ညှစ်ထုတ်ယူဖို့ ၊ တစ်ယောက်ကို တစ်ယောက်က အရိုးအသားပါမကျန် ကိုက်စားဝါးမြိုပစ်လိုက်ဖို့ စိတ်အားထက်သန်နေကြတယ် ။

" ခဏ ...."
ယုပေါ်ယွင် အသက်ရှူ မမှန်တော့ဘူး ။
" ခဏ .. အိပ်ရာပေါ် သွားရအောင် "

" ကိုယ့်ကို မြှူဆွယ်နေတာလား "
ကုဖုန်းက ယုပေါ်ယွင်လည်တိုင်လေးကို နှာခေါင်းနစ်ဝင်မတတ် အငမ်းမရနမ်းရှိုက်ရင်း " ဘေဘီ , မင်းလေး တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာပြီနော် "

ယုပေါ်ယွင်က ကုဖုန်းနက်ခ်တိုင်ကို စနောက်ဟန် ဆွဲဆုပ်ကာ " ခင်ဗျား မကြိုက်လို့လား "

ကုဖုန်း နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးတယ် ။
" မကြိုက်တာ မဟုတ်ဘူး .. ချစ်တာ , သေလောက်အောင် ချစ်တာ "

ထို့နောက် ယုပေါ်ယွင်ကို ကောက်ပွေ့ကာ အိပ်ခန်းထဲထိဝင်သွားပြီး အိစက်စက်မွေ့ရာထက် ချပေးလိုက်တယ် ။

အိပ်ခန်းအပြင်အဆင်က ကုဖုန်းကို မူးဝေသွားစေတယ် ။

အခန်းတစ်ခုလုံးက ဇိမ်ခံပစ္စည်းအပြည့်အစုံရှိတဲ့အပြင် စိတ်အစဉ် မှောက်မှားအောင် ညှို့ယူနိုင်စွမ်းအတိပြီးတဲ့ ဝိုးတဝါးမီးရောင် ၊ ရနံ့ချိုချိုလေးများ ရစ်သိုင်းနေတဲ့ လေထု ၊ အထူးသဖြင့် အိစက်ညက်ညောတဲ့ ဖဲမွေ့ရာထက် ပုံဖော်ထားတဲ့ နှင်းဆီပွင့်ဖတ်နီနီလေးများ ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now