Chapter 158

7.7K 1.5K 128
                                    

လုရန်အမူအရာက အရမ်း တည်ငြိမ်လေးနက်လွန်းတယ် ။ နောက်ပြောင်နေတာမျိုး လုံးဝမဟုတ်ဘူး ။

ယုပေါ်ယွင်လေး မနေနိုင်လို့ သေချာအောင် ထပ်မေးမိတယ် ။

"တကယ်ကြီး ??? "

"အင်း "
လုရန် ခေါင်းညိတ်လျက်

"တစ်နှစ်လုံးနီးပါး ငါ သူ့နောက်လိုက်နေခဲ့ပြီးပြီကွာ..သူ့ဘက်က ဘာမှန်းမသိလို့ 
မထူးဇာတ်ခင်းပြီး ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တာ..အလုပ်ဖြစ်ရင်လည်းဖြစ်..မဖြစ်ရင်တော့လည်း မေ့လိုက်မယ်ဆိုပြီး "

ယုပေါ်ယွင်က လုရန်နဲ့ ဘေးချင်းယှဥ်လျှောက်နေပြီး သူ့မျက်နှာမှာ အေးစက်စက်အငွေ့အသက်တွေ ရှိနေသေးတယ် ။

"အဲ့တော့ အဖြေက.... ???"

လုရန်မျက်နှာက ရှုံ့တွနေပြီး ကြက်ကြီးလည်လိမ်ထားသလိုပဲ ။ မျက်လုံးသေကြီးတွေနဲ့ ။

ယုပေါ်ယွင် သူ့လက်ကို လုရန်မျက်နှာရှေ့မှာ ဝှေ့ယမ်းလိုက်တယ် ။

"ဟျောင့်.. မင်း ဖွင့်ပြောလိုက်တာ ဘယ်လိုဖြစ်သွားလဲလို့..အဲ့လူက ဘယ်လိုပြန်ဖြေလဲလို့ မေးနေတာ.. "

လုရန်က သူ့ပါးစပ်ရှေ့မှာ လက်သီးဆုပ်ကာ အဆက်မ​ပြတ်ချောင်းဆိုးနေတယ် ။

"ငါ မကြည့်ဘူး "

"အမ်! "

"ငါ ငါ မကြည့်ရဲလို့ "

ယုပေါ်ယွင် ခြေစုံရပ်လိုက်တယ် ။

"အဲ့တော့ ဆိုလိုတာက....မင်းက သူ့ကို ဖုန်းနဲ့
ဖွင့်ဟဝန်ခံပြီး အခုထိ သူ့ရဲ့အဖြေကို မသိရသေးဘူးပေါ့ ဟုတ်လား ?"

လုရန် တွေတွေဝေဝေနဲ့ ခေါင်းညိတ်ပြတယ် ။

သူက ဖွင့်ဟဝန်ခံစာအရှည်ကြီးရေးပြီး WeChatကနေ လုရန်းဆီကို ပို့ခဲ့တာ ။ ဒါပေမယ့် အဲ့ဒါက ရုတ်တရက်ပေါ်လာတဲ့ သတ္တိလေး ။ တကယ်တမ်း ဝန်ခံစာကို လုရန်းဆီပို့ပြီးတော့ သူ့မှာ ရင်အတုန်လွန်ပြီး မူးမေ့လဲတော့မလိုပဲ ။ ပြီးတော့ လျှပ်စီးလက်သလိုအမြန်နှုန်းနဲ့ WeChatကထွက် ၊ ဖုန်းပိတ်ပြီး ဖုန်းကို အိပ်ရာပေါ်ပစ်တင်ကာ တစ်ယောက်တည်း ယောင်နနနဲ့ အပြင်ကို ထွက်လာခဲ့တယ် ။ ဆောက်တည်ရာမရတဲ့ ထပ်တလဲလဲအတွေးတွေကို ရပ်တန့်ခြင်းငှာ ဘားကိုသွားပြီး ခါးသက်သက်ဝိုင်တစ်ခွက် သွားမော့ပစ်လိုက်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now