Chapter 250 (Z+U)

2.7K 429 9
                                    

ယုပေါ်ယွင်ချက်ပြုတ်ပြီးနောက် စားပွဲပေါ်မှာ လှပစွာ ခင်းကျင်းပြီး လက်ခုတ်တီးသံပေးလိုက်တယ် ။

" ပြင်ဆင်ပြီးပြီမို့ လာစားလို့ရပြီနော် "

ထို့နောက် အေပရွန်ကိုချွတ်တယ် ။ ကုဖုန်းက သူ့ထံ တစ်သျှူးကမ်းပေးလာတယ် ။ ယုပေါ်ယွင် တစ်သျှူးနဲ့ ချွေးသုတ်ပြီးနောက် ကုဖုန်းက ဟင်းခပ်ထည့်ပေးပြီး ရေတစ်ခွက်ထည့်ပေးတယ် ။

ကုဖုန်းရဲ့ အလိုက်တသိ ရေပူရေချမ်းကမ်းလှမ်းမှုကြောင့် ယုပေါ်ယွင် ကျေနပ်ပျော်ရွှင်စွာ ဝင်ထိုင်ပြီး စိတ်ပေါ့ပါးသွားတယ် ။

" စားလေ "
ယုပေါ်ယွင် လောကွတ်ပြုပြီး သူကိုယ်တိုင် တူတစ်စုံနဲ့ အသားပြုတ်လိုက်တယ် ။

( ပြောရရင် ဟော့ပေါ့ပါပဲ .. ဒါပေမဲ့ သူတို့ကတော့ steamboat တဲ့ .. အောက်မှာပုံထည့်ပေးထားတယ် )

အသားပြုတ်ကို ပါးစပ်ထဲထည့်ထည့်ချင်း အရသာက လျှာကြောပေါင်းတစ်ထောင်ထိ ပျံ့နှံ့စိမ့်ဝင်သွားတယ် ။ အစပ်အနည်းငယ်ကဲထားတဲ့ ပြုတ်ရည်ကြောင့် အာခံတွင်းထဲရှင်းပြီး လူကိုလန်းဆန်းသွားစေတယ် ။ ဒီလိုဆိုတော့လည်း သူ့လက်ရည် မကျသေးဘူးပဲ ။

ကုဖုန်းကတော့ ကြည်နူးပီတိအဖြာဖြာနဲ့ ပျော်ပျော်ကြီး လွေးတော့တာပဲ ။ သူ့အိမ် ထမင်းစားပွဲပေါ်မှာ သူ့ချစ်ခင်ပွန်းလေးရဲ့လက်ရာတွေ ပြည့်မနေတာ အရမ်းအရမ်းကို ကြာညောင်းနေပြီ မဟုတ်လား ။ နောက်ဆုံးတော့ သူတောင့်တခဲ့ရသမျှ ဒီနေ့မှာ ပြန်စားခွင့်ရပြီ ။

ကုဖုန်းတစ်​ယောက် ပြုတ်ရည်ပွက်ပွက်ဆူတဲ့အထိတောင် မစောင့်နိုင်တော့ဘူး ။ စားပွဲပေါ်ရှိရှိသမျှကို အိုးထဲပစ်ထည့်ပြီး အသားကျက်,မကျက် နူး,မနူး ဂရုထားမနေဘဲ အစာအိမ်ထဲ အကုန်သွတ်သွင်းပစ်လိုက်တယ် ။

စိုး စိုး ဂွတ် !!!!

အရမ်း အရမ်း အရသာရှိတာပဲ !!!

သူ့ပါးစပ်ထဲ အိုးလိုက်လောင်းချနေပေမဲ့လည်း ယုပေါ်ယွင်ကို မမေ့ထားပါဘူး ။ ပန်းကန်ထဲက အခွံမခွာရသေးတဲ့ပုစွန်ထုပ်တွေကို မမေ့မလျော့အခွံခွာ ပဲငံပြာရည်လေးထဲနှစ်ပြီး ယုပေါ်ယွင်ပန်းကန်ထဲ အဆက်မပြတ်ထည့်ပေးနေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now